Episode 5 (U+Z)

14.4K 1.1K 39
                                    

အပိုင်း ၅

" အာ... ကျွန်တော် ရုတ်တရက်ကြီး ပင်ပန်းလာလို့ ... ကိုကို... ကျွန်တော် ကားထဲ သွားပြန်နားချင်တယ် ... "

" ဟင်... တာတာ... ဘယ်လို ဖြစ်တာလဲ... "

ကျေးဇူးပြုပြီး အရစ်မရှည်စမ်းပါနဲ့ ငလူးကောင်ရယ် ။
ငါ စောစောစီးစီး ဝတ္ထုထဲမှာ မသေချင်သေးလို့ပါ ။

" နေ့လည်က အပြင်မှာ နေအရမ်းပူလို့ ပင်ပန်းသွားတာ  ထင်တယ်... "

" ဘာလဲ... ကိုယ့်အမေက တာတာ့ကို ပင်ပင်ပန်းပန်းတွေ ခိုင်းလိုက်သေးတာလား... "

အမလေး... ။
အရေးထဲ မြေမျိုမယ့် မွေးရကျိုးနပ်တဲ့ သားလိမ္မာလေးနဲ့မှ လာတွေ့နေရတယ်လို့.. ။

" မဟုတ်ပါဘူး... ကျွန်တော့်ဘာသာ ပင်ပန်းနေတာပါ ... ကိုကို... ကျွန်တော် ကားထဲ သွားပြန်နားလိုက်ဦးမယ် ... "

" ကိုယ် လိုက်ပို့ပေးမယ်လေ... "

" ရတယ်... ကားထဲလောက်ကတော့ ကိုယ့်ဘာသာကိုယ် သွားနိုင်ပါတယ်... ဟိုဦးလေးက နေ့လည်ထဲက စောင့်နေရတာမလား... အားနာစရာ... "

" ဝေ့ ... ဥက္ကဋ္ဌလေး မိုးသောက်ကြယ်... "

ရုတ်တရက် ဦးသူရိန်ရာဇာက မိုးသောက်ကြယ်ကို တွေ့ပြီး နှုတ်ဆက်ဖို့ ဒီဘက်ကို လျှောက်လာလေသည် ။

" ကျွန်တော် သွားတော့မယ်နော် ... ကိုကို...  သူနဲ့ စကားပြောပြီး နေနှင့်လိုက်တော့... ကျွန်တော် ကားထဲ သွားပြီ... "

သူ မြန်မြန်လေး မိုးသောက်ကြယ်ဆီမှ သော့ယူ၍ တစ်ဖက်လှည့်ပြီး ထိုနေရာမှ ပြေးလာခဲ့လိုက်သည် ။

အား ။
ကားထဲပဲ အချိန်ဆွဲပြီး သွားထိုင်နေရမှာပဲ... ။
မတတ်နိုင်ဘူး ။

" အဲ့တာ ဥက္ကဋ္ဌ ရဲ့ အိမ်ထောင်ဖက် မောင်နေတာရာ ဆိုတာလား... "

" ဟုတ်ပါတယ်  ... "

" အော်... နှုတ်တောင် မနှုတ်ဆက်လိုက်ရဘူးဗျာ... "

" သူ နေသိပ်မကောင်းလို့ နားချင်နေတယ် ဆိုလို့ပါ... "

အနောက်က ကြားနေသော အသံများကြောင့် သူ ရင်တွေပင် တုန်လာသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now