Episode 25 (U+Z)

8.6K 804 55
                                    

အပိုင်း ၂၅

မြင်းပေါ်ရောက်တော့ မိုးသောက်ကြယ်က သူ့ကို စကားမပြောဘဲ တိတ်ဆိတ်နေလေသည် ။

" ကိုကို... "

" .... "

သူ ခေါ်လိုက်သော်လည်း ပြန်မထူးသောကြောင့် သူ ရယ်ချင်သွားပြီး လက်ကို နောက်ပြန်ထား၍ မိုးသောက်ကြယ်၏ ညီလေးကို သွားညှစ်လိုက်သည် ။

" ကိုကို့ကို ခေါ်တာ မထူးတော့ ညီလေးကိုပဲ ခေါ်ရတော့မှာပဲ... "

" ငြိမ်ငြိမ်နေ  ... မြင်း ကန်ချလို့ နှစ်ယောက်လုံး ပြုတ်ကျနေမယ်... "

" ကိုကို... ကျွန်တော့်ကို ဦးဇဏ်မင်းမောင် နဲ့ သဝန်တိုနေတာလား... "

မိုးသောက်ကြယ်က ဘာမှ မပြောတော့ သူ ပိုရယ်ချင်လာပြီး မိုးသောက်ကြယ် ရင်ခွင်ထဲသို့ မှီချလိုက်သည် ။

" မေးနေတာ ဖြေလေဗျာ ... သဝန်တိုနေတာလားလို့... "

" သဝန်တိုတာ မတိုတာထက် ကိုယ်ချစ်ရတဲ့ သူကို တခြားသူ ရင်ခွင်ထဲမှာ နေနေတာကို ကိုယ်မမြင်ချင်ဘူး.... "

" ဒါတော့ မတရားဘူးလေ... ကိုကိုကျတော့ ညည့်ခေတ်ယံကို ရင်ခွင်ထဲ ထည့်ပြီး မြင်းစီးသင်ပေးနေတာပဲ မလား... "

သူ ညစ်ကျယ်ကျယ် ရယ်ပြီး ပြန်ပြောလိုက်သည် ။

" ဟာ... အဲ့တာ ကိုယ် သင်ပေးချင်လို့မှ မဟုတ်တာ... တာတာပဲ အတင်း သင်ပေးခိုင်းတာလေ... "

မိုးသောက်ကြယ် ကူကယ်ရာမဲ့သည့် အသံဖြင့် ပြောလာလေသည် ။

" ကျွန်တော်က ကိုကို့ကို စတာပါ... ကဲပါ... ကိုကို မကြိုက်ရင် နောက်ကျ လိုက်မစီးတော့ဘူးလေ... နော်... "

မိုးသောက်ကြယ်က မြင်းဇက်ကြိုးကို ကိုင်ပြီး သူ့ကို အနောက်က တင်းကျပ်စွာ ဖက်လိုက်လေသည် ။

" ကိုယ်က ခပ်ရိုးရိုးပဲ နေတတ်တယ် ဆိုပေမယ့် အရမ်းကြီးတော့ တုံးအနေတာမျိုး မဟုတ်ဘူးလေ ... ကိုယ်ချစ်တဲ့ သူကို တခြား ယောကျ်ား ရင်ခွင်ထဲ မြင်ရတာ ကိုယ် သဘောမကျဘူး... သဝန်တိုတယ်... အဲ့တာကလည်း တာတာ့ကို ကိုယ် အရမ်းချစ်လို့ပဲ... "

မိုးသောက်ကြယ် စကားများကြောင့် သူ့ရင်ထဲ ပျော်ရွှင်သွားသလို ဖြစ်သွားရသော်လည်း တစ်ဆက်ထဲမှာပင် ထို အချစ်တို့က သူ့အတွက် မဟုတ်ကြောင်း ပြန်တွေးမိပြီး မှိုင်ကျသွားရလေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now