part (1) { Unicode }

20.4K 631 13
                                    


"ကဲ အားလုံးပဲ မဂ်လာပါကွယ်...."
"စောနာက ဆရာမကြီးကလည်းမိတ်ဆက်ပေးပြီးပါပြီ ဒါပေမဲ့ ဆရာမက ထပ်ပြီးမိတ်ဆက်ပေးမယ်နော်..."
"ဆရာမနာမည်က မေပန်ချီဖူး ပါ မှတ်ထားကြနော်....."

"ဟုတ်ကဲ့....ဟုတ်ကဲ့..."ကျောင်းသားတွေရဲ့ဆရာမအသစ်ကိုကြိုဆိုတဲ့အသံဆာဆာလေးကတစ်တန်းလုံးမြည်ဟည်းသွားကြသည်...

"ဆရာမက သားတို့သမီးတို့ရဲ့ အရင်အဂ်လိပ်စာဆရာမနေရာမှာသင်ပေးမဲ့ဆရာမအသစ်ပါ...ပြီးတော့ ဆရာမကြီးက ဒီအတန်းမှာအတန်းပိုင်ဆရာမမရှိသေးဘူးပြောတယ်...ဟုတ်သလား..."

"ဟုတ်ပါတယ်ရှင့်..."ရှေ့ဆုံးတန်းမှာ ဂေါ်လန်လေးကပြန်ဖြေရှာသည်...အသံကျယ်လွန်းလို့သူမကိုတစ်တန်းလုံးကဂေါ်လန်လို့ပဲခေါ်ကြသည်...

"အခုဆရာမက သားတို့သမီးတို့ရဲ့ အတန်းပိုင်ဆရာမအသစ်ပါ..."
ကဲ မိတ်ဆက်ပြီးပြီဆိုတော့ သားတို့သမီးတို့ရဲ့ နာမည်တွေကိုနောက်နေ့မှပဲ ဆရာမက ‌Roll Call ခေါ်ရင်းမှပဲ မှတ်တော့မယ်နော်..."
"ခုတော့ ‌စာတွေအရမ်းနောက်ကျနေလို့ စာသင်ကြရအောင်နော်.."

"ဟင်..ဟာ...ဆရာမကလည်း..."တစ်တန်းလုံးသက်ပြင်းတွေချကြပါတော့သည်...
ခုမှရောက်တဲ့ဆရာမအသစ်ကစာသင်မယ်ဆိုတော့
"ကဲပါ ကဲပါ ဆရာမကအများကြီးမသင်ပါဘူးကွယ်...စာလေးနည်းနည်းပဲ စထားမှာပါ"

"ဟေး...ဟေး..."ဒီလိုကျတော့လည်းတစ်တန်းလုံး‌ဗြောင်းဆန်အောင်ထအော်ကြပြန်သည်...

"Page 3 ကိုလှန်မယ်နော်...."
မေ တစ်ယောက် အားကျိုးမာန်တက် စာတွေသင်နေတော့သည်...မေ က ပေါ့ပေါ့ပါးပါးသင်ပေးတာကြောင့် ကျောင်းသား အားလုံးကစိတ်ဝင်စားပြီးပျော်နေကြသည်...
တစ်တန်းလုံးမှာ ခပ်မှိုင်မှိုင်ကောင်မလေးတစ်ယောက်ကတော့ နောက်ဆုံးခုံထောင့်နားလေးမှာကပ်ပြီး စူးရှရှမျက်လုံးတို့ဖြင့် မေ့ကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေလေ‌ရဲ့....

"ဟို နောက်ဆုံးခုံကသမီး စာသင်ခန်းထဲဦးထုပ်မဆောင်းနဲ့..."မေ့ စကားတစ်ခွန်းရဲ့နောက်မှာ စာ‌အုပ်တွေကိုကြည့်နေတဲ့ ကျောင်းသားတို့ရဲ့မျက်ဝန်းများသည်...လင်းလက် ဆီသို့ဦးတည်လာခဲ့သည်...
မေ ပြောနေပေမဲ့ ထိုကလေးကတော့ စာသင်ခန်းထဲမှာဦးထုပ်စောင်းရပ်ရှိနေသေးသည်...

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now