"ဟယ်လို မ..."
"ဟယ်လို..."
"ဘာလုပ်နေလည်း..."
"ဒီမှာလေ သမီးငယ် စာရေးတာထိုင်ကြည့်ပေးနေတာ...ကလေး ရော..."
"ခုမှရေချိုးပြီးတာ ကော်ဖီသောက်..."
လင်းလက် ကော်ဖီခွက်လေးကိုစားပွဲလေးပေါ်သို့တင်လိုက်ပြီး အိစက်နေတဲ့မွှေ့ရာပေါ်သို့ပြစ်လှဲချလိုက်သည်..."အား ညောင်းလိုက်တာ..."
"အရမ်းပင်ပန်းနေလား..."
"အဲ့အသံချိုချိုလေးတွေကြောင့်ပဲထင်တယ် ပင်ပန်းတာတွေတောင်သက်သာပေါ့..."
"အပိုတွေပါနော်..."
"အတည်ပါ အပိုမပါတဲ့ တစ်ခုထဲသောနှလုံးသားက 'မ'အတွက်ပါ.."
"အဟမ်း..."အိပ်ရာထဲ laptopသုံးနေတဲ့ ဆောင်း က ချောင်းတစ်ချက်ဟန့်ကာ လင်းလက်အား မျက်စောင်းလေးပြစ်ထိုးလိုက်တော့သည်....
"ဘာဖြစ်..."လင်းလက် ဖုန်း speakerလေးကိုလက်နဲ့ပိတ်ပြီး ဆောင်းအား ပြန်မေးလိုက်သည်...
"ဘာမှမဖြစ်ပါဘူး ပိုလွန်းလို့နားကြားမြင်းကပ်လာပေါ့ တကယ်ထဲပါ့ ချွဲနေလိုက်တာ..."
"ဟား ဘာမှမနာလိုမဖြစ်ပါနဲ့..."
"အမလေး ဝေးသေးတယ်နော်..."
"ကလေး ကလေးလို့..."
"ရှင်..?"
" မေ ခေါ်နေတာကိုဘာလို့ပြန်မထူးတာလည်း..."
"ဘာမှမဟုတ်ဘူးမမ...ဆောင်းက စကားပြောနေလို့ပါ... Sorry နော်..."
"ရပါတယ်..."
လင်းလက် မေနဲ့ ဖုန်းပြောနေတုံး ဖုန်းစိမ်းတစ်ခုဝင်လာခဲ့သည်...
"မ ခဏနော်..ဖုန်းဝင်လာလို့..ခဏနေကျ လင်းလက် ပြန်ခေါ်လိုက်မယ်..."
"ဟုတ်ကဲ့..."
လင်းလက် မေ့ရဲ့ဖုန်းကိုချပြီး အသစ်ဝင်လာတဲ့ဖုန်းကိုကိုင်လိုက်သည်...
"ဟယ်လို..."
လင်းလက် ထူးပေမဲ့ တစ်ဖက်မှအသံတို့ထွက်မလာပါ..
"ဟယ်လို ...ဟုတ်ကဲ့ ဘယ်သူလည်းမသိဘူး..."
"လင်းလက်ပွင့်မလား ဦးလေ..."
"ဘာတွေလာပြောနေတာလည်း..ဘယ်က ဦးလည်း ဖုန်းမှားနေပြီ.."
လင်းလက် စိတ်ရှုပ်သွားဟန်ဖြင့် မျက်ခုံးနှစ်ဖက်ကိုထိလုမတက်တွန့်ချိုးလိုက်သည်...
YOU ARE READING
ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }
Ficción General{ Unicode } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ { Zawgyi } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ
![ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }](https://img.wattpad.com/cover/284218988-64-k891678.jpg)