part (5) { Unicode }

7.1K 464 13
                                        


လင်းလက်နိုးလာတော့ မိုးတောင်စင်စင်လင်းနေပေါ့...မနေ့ညကနေလို့မကောင်းတဲ့ခန္တာကိုယ်လေးက အခုတော့ပေါ့လို့နေသည်...
အိပ်ရာဘေးနားကိုကြည့်မိတော့ ဆရာမကမရှိတော့ဘူး..လင်းလက် တစ်ယောက် လန့်ဖြန့်သွားပြီ ငုတ်တုတ်ကလေးထထိုင်လိုက်သည်...

"ဆရာမ..?"
အခန်းတစ်ခန်းလုံးမျက်လုံးဝေ့ကြည့်လိုက်ပေမဲ့ ဆရာမက ရှိမနေပါ...
လင်းလက် ကုတင်ပေါ်ကဆင်းဖို့ပြင်လိုက်သည်...

မေ အခန်းတွင်းသို့တံခါးလေးဖွင့်ပြီးဝင်လာခဲ့သည်...ပျာယာခတ်နေတဲ့ လင်းလက်ကိုမြင်သွားတော့ မေစိတ်ပူသွားသည်...
"ဟဲ့ ဟဲ့ လင်းလက် သမီး ဘာဖြစ်လို့လည်း..."
မေ လင်းလက်ကုတင်လေးရှိရာသို့ အပြေးလေးရောက်သွားသည်...

"ဆရာမက ဘယ်သွားနေတာလည်းလို့..."

"အော် သမီးရယ် ဆရာမ သမီးဖို့ ဆန်ပြုတ်ကလေးကြိုပေးနေတာ..."
‌ဟုတ်တာပေါ့ မေ့ရဲ့မျက်နှာမှာလည်းအိုးမဲတွေပေနေခဲ့သည်...

လင်းလက် လက်နုနုလေးဖြင့် မေ့ရဲ့ပါးပြင်ပေါ်ကအိုးမဲတွေကိုသုတ်ပေးနေသည်...
"အိုးမဲတွေကိုပေနေတာပဲ..."

"ဟုတ်လား...မနေ့ကမိုးရွာတော့ အပင်ကျိုးကျတာဓာတ်ကြိုးကိုထိတယ်လို့ပြောတယ်..."
"မီးကတော်တော်နဲ့လာအုံးမှာမဟုတ်ဘူး...အာ့ကြောင့် ဆရာမက ဟောဒီကကလေးပေါက်စနအတွက် မီးသွေးနဲ့ဆန်ပြုတ်ထကြိုပေးတာပါကွယ်...ဆရာမ ဘယ်မှမသွားပါဘူး.."
မေက လင်းလက်ရဲ့ မေးလေးကိုကိုင်ပြီး ချစ်စနိုးနဲ့စကားတွေတဖွဖွပြောနေသည်...

"သမီးကြောင့် ဆရာမအလုပ်ရှုပ်နေပေါ့..."
"ဒါနဲ့ စောနာက ကလေးပေါက်စနလို့ခေါ်လိုက်တာလားလို့..?"

"ဟုတ်လား ဆရာမ ခေါ်လိုက်တာလား..."

"ဟွန့် သူပဲခေါ်ပြီ အခုကျသူမဟုတ်သလိုနဲ့..."
လင်းလက် လက်ကလေးပိုက်ကာ နှုတ်ခမ်းထော်လေးနဲ့ဆူပုတ်နေသည်...

"အဲလိုတွေမလုပ်နဲ့ဆို အသဲယားလို့...ကလေးလေးရေ""မွ" မေ လင်းလက်ရဲ့ပါးလေးကိုခပ်ဖွဖွလေးနမ်းလိုက်သည်...

လင်းလက်တစ်ယောက်တော့ မေ့ကိုမျက်နှာလွှဲပြီး
တစ်ဖက်လှည့်ကာ ခိုးပြုံးနေသည်...
" မျက်နှာက ဟိုဘက်လှည့်ပြီး ဘာဖြစ်နေပြန်တာလည်း...""ပြစမ်း အဖျားကရှိနေသေးလား..."
လင်းလက်ရဲ့နှာဖူးလေးကိုစမ်း ကြည့်နေမိသည်...
လင်းလက်တစ်ယောက် မနေတတ်မထိုင်တတ်ဖြစ်ကာ မျက်နှာကြီးရဲတွတ်နေသည်...

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now