part (13) { Unicode }

6.4K 365 13
                                        

မေ တစ်ယောက်ကြားရတဲ့သတင်းတွေကြောင့် ရင်တွင်း၌ပူလောင်ကာ ရတက်မအေးဖြစ်နေရပါသည်..."အစ်ကို ဆုံးပြီတဲ့လား..."
အနာဂတ်ဖြစ်ပျက်မဲ့အရာတွေကိုကြိုတင်မမှန်းနိုင်ပေမဲ့ အခုလိုကြားရတော့ မေ ဘယ်စိတ်ကောင်းနိုင်ပါ့မလည်း...

မမသက်ထားကလည်း အချုပ်ခန်းထဲရောက်နေသည်တဲ့...ဖြစ်ခဲ့တဲ့အမှုက မေ့ ကလေးငယ်ကိုဓားနဲ့ထိုးခဲ့တာတဲ့လေ...

"ဘယ်လိုဖြစ်ရတာလည်းမမသက်ရယ်..."
"လင်းလက်က မေ့ သမီးလေးရဲ့ ဆရာမပါ..."

"လင်းလက်ပွင့်...လင်းလက်ပွင့်...ဒင်းကြောင့် ငါ့ဘဝကြီးပျက်စီးရတော့မယ်...အေး နင့်ယောက်ျားကိုသတ်ခဲ့တဲ့သူက လင်းလက်ပွင့်ပဲ..."

"ရှင်...မဖြစ်နိုင်ပါဘူး...မမသက်ထားရယ်..."

"အေး ငါလည်းကြားကြားချင်းတုံးကသွေးပျက်မတက်ကြောက်ခဲ့ရတာ..."

ဆေးရုံရဲ့အခန်းထဲ၌ဝယ် မေ တစ်ယောက်အတွေးတို့ဖြင့်ယောင်းယက်ခက်နေရပါသည်...
ဆေးရုံကုတင်ထက် ဆေးပိုက်တန်းလန်းဖြင့် သတိမော့မျောနေတဲ့ ကလေးငယ်ကိုကြည့်ရင်း မေ ရင်ဘတ်ကြီးနာကျင်နေရပါသည်..

"ကလေးရယ်...သတိရပါတော့..."
မေ လင်းလက်ရဲ့ လက်ကလေးကို ခပ်ဖွဖွလေးနမ်းပြီး ‌ပြန်သတိရလာဖို့တဖွဖွဆုတောင်းနေမိသည်...
"သူတို့ပြောချင်တာပြောပါစေ မေ လေ မေ့ကလေးလေးမဆိုးဘူးဆိုတာ မေ သိပါတယ်...ကလေးရယ်..."

"ဒေါက်ဒေါက်..."တံခါးခေါက်သံနှင့်အတူ အခန်းထဲသို့ဝင်လာသောအမျိုးသမီးတစ်ယောက်

"ဆောင်း...လာပြီလား..."

"ဟုတ်ကဲ့ မမ မေ...လင်းလက်အခြေအနေဘယ်လိုရှိလည်း..."

"အခုထိသတိမရသေးပါဘူးကွယ်...ဆရာဝန်ကြီးကတော့ လာကြည့်သွားပြီးပြီ ‌အမဖြင့် တကယ်ကိုစိတ်ပူလို့သေတော့မယ်..."

"စိတ်မပူပါနဲ့ မမ‌မေရယ် ဘာမှမဖြစ်ပါဘူး.."
လင်းလက် အခုလိုဖြစ်သွားတာကို ဆောင်းတကယ်စိတ်ဆိုးမိပါသည်...သူငယ်ချင်းတစ်ယောက်အနေနဲ့ အခုလိုမဖြစ်ခင် အရာရာအသိပေးခဲ့သင့်သည်မလား...

"မမမေ ပြန်အုံးမယ်မလား...ဆောင်း စောင့်ထားပေးမယ်လေ..."

"အွန်း မမ ပြန်အုံးမယ်...ရဲစခန်းကိုသွားရအုံးမှာမလို့ပါ.."

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now