part (3) { Unicode }

6.5K 455 0
                                    


မေ ကျောင်းသွားဖို့ အဝတ်အစားလဲကာ ကျောင်းခြင်းလေးဆွဲပြီး အပြင်သို့ထွက်လာခဲ့သည်..
အိမ်တံခါးလေးပိတ်နေတုံး...
လင်းလက် မေ့အနားသို့ရောက်လာသည်....

"ဆရာမ..."

"ဟယ် သမီး လင်းလက်..."မေ လင်းလက်ကိုတွေ့ရတော့အံ့ဩသွားသည်မှာအမှန်ပါ....

"ဟုတ်..."

"ကျောင်းသွားဖို့ဆရာမကိုစောင့်နေတာလား..."

"ဟုတ်တယ်ဆရာမ..."

"လာ လေအာ့ဆိုအတူတူသွားကြမယ်..."

‌"ဆရာမ..."

"ရှင့်..."
လင်းလက်ပြုံးလိုက်သည် မေ့ရဲ့ *ရှင့်*ဆိုတဲ့စကား‌လေးကိုသူသဘောကျသည်မလား....

"ပန်းလည်းပန်မထားဘူး.."

"ဟုတ်တယ်သမီးရေ ညကအိပ်ရာဝင်တာနောက်ကျတော့ မနက်အိပ်ရာ‌ထနောက်ကျသွားတာနဲ့ ဘုရားကန်တော့ နေတာ ပန်းဝယ်ချိန်တောင်မရလိုက်ဘူး..."

"ဪ...အာ့ဆို ရော့...ဆရာမပန်ဖို့..."ပွင့်နေတဲ့နီရဲရဲနှင်းဆီပွင့်တစ်ပွင့်ကို လင်းလက် မေ့ဆီကိုကမ်းပေးလိုက်သည်...

"ဟယ် နှင်းဆီပန်းလေးကလှလိုက်တာ...ဆရာမဖို့ယူလာတာလား"

"ဟုတ်..."လင်းလက်ကျေနပ်စွာပြန်ဖြေလိုက်သည်...သူ မေ့ကိုနှင်းဆီပန်းလေးပေးချင်ခဲ့တာကြာပြီမလား..

"ပန်ရမှာတောင်နှမျောတယ်သမီးရယ် ပန်းလေးကအရမ်းလှနေလို့..."

"ပန်လိုက်ပါ...လင်းလက်ကပန်စေချင်လို့ပေးတာကို..."

"ဟုတ်ပါပြီ..."မေ ပန်းလေးကိုချိုးကာ ခေါင်းပေါ်သို့ပန်လိုက်သည်...
ရဲရဲနီနေတဲ့ နှင်းဆီပွင့်လေးသည်...မေ့ခေါင်းထက် တင့်တယ်စွာလှပနေသည်...

"ဆရာမ ပေးပါ..."
လင်းလက်က မေ့ဆီကကျောင်းခြင်းလေးကိုလှမ်းယူလိုက်ပြီး နှစ်ယောက်သား ကျောင်းသို့လမ်းလျှောက်လာခဲ့သည်...

လင်းလက် ပျော်နေမိသည်...ဆရာမနဲ့အတူတူလမ်းလျှောက်လာတဲ့လင်းလက်ကို တစ်ချို့ကကြည့်နေပေမဲ့ လင်းလက်ကတော့ လမ်းမထက်၌ ခြေလှမ်းအတူတူလှမ်းရတဲ့ အခိုက်အတန့်လေးကိုသဘောကျမိသည်...

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now