part (9) { Zawgyi }

394 35 1
                                    

လင်းလက် အခန်းတွင်းအောင်းနေခဲ့တာ သုံးရက်လောက်ပင်ရှိနေပြီ အလုပ်လည်းမသွားဖြစ်သလို ဖူးလေးကိုစာပြဖို့ကိုလည်း နေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရှောင်‌နေခဲ့သည်...

"လင်းလက်ရယ် နင့်ကြည့်ရတာငါစိတ်ညစ်လိုက်တာ.."ဆောင်း လက်လက်ရဲ့ပုံစံကိုအားမရစွာဆိုလိုက်သည်...

ဆောင်းပြောလည်းပြောချင်စရာပဲ အိပ်ရာထဲမှာသာတစ်မှိုင်မှိုင်တခွေခွေနဲ့နေနေတဲ့ လင်းလက်ပုံက အရူးတစ်ယောက်ကျနေတာပဲ...မစားနိုင်
မသောက်နိုင်ဖြစ်နေခဲ့သည်လေ...

လင်းလက် ကုတင်လေးပေါ်ကိုထထိုင်လိုက်သည်..."ငါလည်း ငါ့ကိုယ်ငါဘာလုပ်ရမှန်းမသိတော့ဘူး ဆောင်းရယ်...ငါစိတ်ညစ်လို့သေတော့မယ်..."

"စိတ်ညစ်တယ်ဆိုတိုင်း တစ်သက်လုံးဒီလိုကြီးနေတော့မှာလား အိမ်ကအလုပ်က အရေးမကြီးဘူးလင်းလက်...ကလေးကဘယ်လိုလုပ်မလည်း..."

"ငါ ဘယ်စိတ်နဲ့ဒီကလေးကိုစာပြရမလည်း...ငါအရမ်းချစ်ရတဲ့ ဆရာမရဲ့ သမီးတဲ့လေ...ငါ....သူ့ကိုမြင်တိုင်းရင်နာလို့မဆုံးဘူး..."

"အဲဒါဆိုလည်း စာဆက်မသင်နိုင်တော့ပါဘူးလို့ပြောလိုက်လေ...နင့်ဆရာမကိုလည်းနင်မတွေ့ချင်ဘူးမလား..."

"ငါအဲလိုလည်းမလုပ်နိုင်ဘူး ဆောင်းရယ်..."

"နင့်စိတ်ကိုယ်နင် ပြတ်ပြတ်သားသားမသိသေးတာပဲ လင်းလက်...ကလေးကိစ္စ နင်ကိုယ်တိုင် အန်တီသက်ကိုပြောရမှာစိုးရိမ်နေရင် ငါပြောပေးမယ်...နင့်ဆရာမကိုလည်းနင်ထပ်မတွေ့ချင်တော့ဘူးမလား..."

"ထားပါတော့ ငါက ဖူးလေးကိုစာမသင်တော့ရင်လည်း ငါဆရာမကိုမခွဲနိုင်ဘူးဟာ...ဆရာမကိုငါအချိန်အကြာကြီးလိုက်ရှာခဲ့ရတာပါ"

"ငါလေ နင့်ကိုဘယ်လိုအကြံပေးရမလည်းတောင်တကယ်မသိတော့ဘူး...ဒါပေမဲ့နင်အဲလိုပဲတစ်ချိန်လုံးရှောင်နေလို့မရဘူးလေ.."

"ငါသိပါတယ်ဟာ...ငါတစ်ခုခုကိုတော့ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ်ဆိုတာ..."

"အာ့ဆိုလည်းစိတ်ပြေလက်ပျောက် တစ်နေရာရာသွားပါ့လား...ခရီးလေးဘာလေးထွက်ပေါ့"

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now