"ဆရာမ ဆရာမ..."
မေ့ဆီသို့အပြေးအလွှားရောက်လာသော အတန်းခေါင်းဆောင်ကြောင့် မေ လန့်သွားသည်
"ဘာဖြစ်လာတာလည်း သားရဲ့ အမောတကြီးနဲ့.."
"ဆရာမ အတန်းထဲမှာ ရန် ရန်ဖြစ်နေကြလို့..."
"ဘယ်လို ဘယ်လို သားက ဝင်မတားဘူးလား..."
"သား မနိုင်ဘူးဆရာမ ဆရာမလိုက်ခဲ့ပေးပါ..."
"ဟုတ်ပြီ သားသွားနှင့် ဆရာမလိုက်ခဲ့မယ်..."
မေ တစ်ယောက် ကျောင်းကိစ္စပြဿနာနည်းနည်းရှိတာရော ရန်မဖြစ်ဖို့အတန်တန်မှာထားရက်နဲ့ ရန်ဖြစ်တာကိုစိတ်တိုတာရော ကြောင့် ခေါင်းကထူပူနေသည်...လုပ်လက်စအလုပ်တွေကိုချက်ချင်း နားထားပြီး နှစ်ထပ်ဆောင်ဒုတိယထပ်သို့အပြေးအလွှားတက်လာခဲ့သည်....
အခန်းထဲသို့ရောက်တော့ ကျောင်းသားတစ်ချို့စုစု စုစုနဲ့ရှိတဲ့လူအုပ်ကြားသို့ မေ တိုးဝင်သွားခဲ့သည်...ဆရာမကိုမြင်တော့ အားလုံးတိတ်ဆိတ်သွားသည်....
"အဲဒါဘာဖြစ်နေကြတာလည်း..."
မျက်စိရှေ့မြင်ရသော ကောင်မလေး တစ်ယောက် လက်သီးတို့ကိုကျစ်နေအောင်ဆုတ်ထားပြီး လည်ချောင်းအကြောတွေသည် ထောင်လို့နေကာ မျက်နှာတစ်ခုလုံးရဲတွတ်နေသည်....လင်းလက်တစ်ယောက် ဆရာမ အသံကိုကြားပေမဲ့ တစ်ဖက်ကျောင်းသားကိုရွယ်ထားတဲ့ လက်သီးတို့သည် ဒီတိုင်းသာရှိနေသည်...
ပြောင်စပ်စပ်လုပ်နေသော ထိုကျောင်းသား၏ အကြည့်တို့သည် လင်းလက်အား ဒေါသရှေ့တန်းတင်ကာ အမှားတွေကျူးလွန်ခိုင်းနေသည်...
" သတ္တိရှိရင် လုပ်စမ်းပါ..."
လင်းလက် လက်သီးကိုမြောက်ချလိုက်သည် စိတ်ရဲ့စေခိုင်းမှု ကြောင့် လင်းလက် ဒေါသတွေကိုပုံချပြီး အားကုန်ပြစ်ထိုးလိုက်သည်...
"အာ့..."
ပြင်းထန်လှတဲ့အရှိန်နဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့လက်သီးသည် ကျောင်းသားပေါ်သို့မကျပဲ ကျောင်းသားရှေ့မှ ပေါ်လာတဲ့ ဆရာမရဲ့ လည်ညှပ်ရိုးသို့ အားပြင်စွာပြေးစောင့်သွားသည်
မေ တစ်ယောက် တားနေပါရက်နဲ့ လင်းလက် ပိုကဲလာတာကြောင့် လင်းလက်ကိုတားဖို့ ကျောင်းသားရဲ့ရှေ့က ကာရပ်လိုက်သည်ရုတ်တရက်ပြေးဝင်လာတဲ့ လက်သီးချက်ကို မျက်နှာမထိအောင် ရှောင်ပေမဲ့ ကံမကောင်းစွာပဲလည်ညှပ်ရိုးသို့ ထိုးမိသွားသည်...
YOU ARE READING
ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }
General Fiction{ Unicode } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ { Zawgyi } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ
![ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }](https://img.wattpad.com/cover/284218988-64-k891678.jpg)