တစ်နှစ်ဆိုတဲ့အချိန်က ဘယ်လောက်မှမကြာလိုက်ဘူး မေနဲ့လင်းလက်ရဲ့ကြားထဲမှာလည်းသံယောဇဉ်တွေအထပ်ထပ်ရစ်ကာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြရှာသည်...
စာမေးပွဲဖြေခါနီးမှ ထိုင်ခုံလေးပေါ်ငုတ်တုတ်ထိုင်နေတဲ့ကလေးငယ်ကိုကြည့်ပြီး မေ ရီချင်သွားသည်...
ဒူးလေးကိုလှုပ်ကာ လက်သဲလေးကိုကိုက်နေတဲ့ ဒီကလေးကိုကြည့်ပြီး မေ အသဲယားနေမိသည်...
မေ လင်းလက်ရဲ့ ဘေးနားလေးဝင်ထိုင်ပြီးလင်းလက် လက်သေးသေးလေးကိုဆုတ်ကိုင်ထားလိုက်သည်...
"ကလေး အရမ်းစိတ်လှုပ်ရှားနေလား.."
အွန်း ဒီကလေးစိတ်လှုပ်ရှာလည်း စိတ်လှုပ်ရှားချင်စရာပါပဲ တစ်နာရီတောင်မလိုတော့တဲ့ စာမေးပွဲဖြေဆိုချိန်က နီးလာပြီကိုး
"အွန်း ဘယ်လိုကြီးဖြစ်နေမှန်းမသိဘူး..."
လင်းလက် ရင်ဘတ်ကလေးကိုဖိပြီး ပြောနေသည်...စိတ်လှုပ်ရှားလွန်းလို့ နှလုံးခုန်နှုန်းတွေမြန်နေခဲ့သည်...
မေ လင်းလက်ရဲ့ ရင်ဘတ်ကလေးပေါ်ကို လက်ကလေးတင်ကာ"စိတ်အေးအေးထားပါ ကလေးငယ်ရယ် အရမ်းစိတ်လှုပ်ရှားရင် စာတွေမေ့ကုန်လိမ့်မယ်နော်...မြန်မာစာဆိုတော့သိပ်စိတ်ပူစရာမှမရှိပဲကလေးရဲ့ ကလေးကမြန်မာစာကျွမ်းပြီးသားကို.."
လင်းလက်က ဘာသာရပ်တွေထဲမှာမြန်မာစာကိုအကျွမ်းဆုံးနှင့်စိတ်ဝင်စားဆုံးဖြစ်သည်...
"ဟုတ်ကဲ့...ဒါပေမဲ့လည်းဘာလို့ အရမ်းတွေစိတ်လှုပ်ရှားနေတယ်မသိဘူး...ထိန်းလို့ကိုမရဘူး..ဖြစ်နေတယ်..."
"ဘုရားကန်တော့ပြီးပြီလား..."
မေ လင်းလက်ကိုစာမေးပွဲမဖြေခင်ဘုရားကန်တော့ဖို့မှာထားသည်မလား...ဆယ်တန်းဆိုတာနတ်ကြီးတယ်လေ ဘေးအန္တာရယ်တွေမကျရောက်အောင်လို့ စာတွေမမေ့အောင်ပေါ့..?
"ဟုတ်..."
လင်းလက် ထိုင်ရာကနေထပြီး မေ့ရှေ့မှာ ပုစစ်တုတ်လေးရိုသေစွာထိုင်ချလိုက်သည်...
"သမီး ဆရာမကိုကန်တော့ချင်လို့..."
"အွန်း..."
လင်းလက် တရိုတသေ မေ့ကိုဝန်ချကန်တော့ရှာသည်...
မေ လင်းလက်ရဲ့ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်ပြီး ဆုတွေပေးနေမိသည်...
"သမီးနားမှာ ဆရာမ မရှိရင် သမီးဘာမှလုပ်နိုင်မယ်မထင်ဘူး..ဆရာမက သမီးရဲ့အမေတစ်ယောက်ထက်ပိုတဲ့အချစ်တွေကိုပေးတယ်..."
လင်းလက်ပြောရင်းမျက်ရည်တွေဝဲလာသည်...
စာမေးပွဲဖြေခါနီး အားပေးမဲ့မိခင်မရှိတဲ့ဘဝကို နှစ်တိုင်းလိုလိုလင်းလက် ဖြတ်ကျော်ခဲ့ရသည်လေ...
YOU ARE READING
ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }
Ficción General{ Unicode } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ { Zawgyi } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ
![ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }](https://img.wattpad.com/cover/284218988-64-k891678.jpg)