part (7) { Unicode }

5.9K 402 0
                                        


"သမီး ဘာများတက်နိုင်မလည်း ဆရာမရယ် ဒီနေရာလေးကလွဲပြီး သမီးဘယ်ကိုမှမရောက်ဘူးခဲ့ဘူးလေ ဆရာမကိုသမီးဘယ်အရပ်များလိုက်ရှာရမလည်း သမီးတကယ်မသိဘူး..."အတူတူထိုင်ခဲ့ဘူးတဲ့ခုံမြင့်လေးထက် သတိရစိတ်တို့ဖြင့်လင်းလက် ထိုင်နေမိသည်...
ပြန်တွေ့နိုင်ပါ့မလား မသေချာပေမဲ့ လင်းလက် မျှော်နေမိပါသေးသည်...တစ်ချိန်ချိန်မှာတော့သူမရောက်လာလိမ့်မယ်လို့ပေါ့...

"လွမ်းတယ် ဆရာမရယ်..."
"ဆရာမ သိလား သမီး ဒီနေရာလေးမှာနေပူ
မရှောင်မိရွာမရှောင် ဆရာမအလာကိုထိုင်စောင့်
နေတယ်ဆိုတာ..."
"သိပ်မကြာခင်မှာပဲ ‌ဆယ်တန်းအောင်စာရင်းတွေထွက်တော့မယ် ဆရာမရယ်..."
လင်းလက် မေ့ကိုစောင့်နေခဲ့တာ သုံးလကျော်ကြာခဲ့ပါပြီ..."
သုံးလတင်မကလို့ သုံးနှစ်ကြာသွားလည်း လင်းလက် စောင့်နေပါ့မယ်ဆရာမရယ်..."

လင်းလက် အခန်းငယ်လေးရဲ့ အိပ်ရာလေးထက်ဝယ် အိပ်မပျော်နိုင်ပဲလူးလိမ့်နေသည်...
မျက်လုံးတို့ကို တင်းကျပ်စွာပိတ်ထားသည့်တိုင် လင်းလက် အိပ်မပျော်နိုင်ပါ...
လင်းလက် အရမ်းခက်ခဲနေတဲ့အချိန်မျိုးဆို"ဆရာမသာ အနားမှာရှိရင်"ဆိုတဲ့စိတ်က
တကယ့်ကိုခံရခက်သည်... မိုးစင်စင်သာလင်းလုဖြစ်ခဲ့သည် လင်းလက်အိပ်မပျော်နိုင်သေးပါ...သိပ်မကြာခင် အောင်စာရင်းတွေလည်းထွက်လာတော့မည်လေ...

လင်းလက် လက်ဖျားတို့အေးစက်နေသည်...
ဆရာမသာအနားမှာရှိနေရင်"စိတ်အေးအေးထားပါကလေးရယ်"ဆိုပြီး သူမရဲ့အသံသာသာလေးဖြင့်နှစ်သိမ့်ပေးပြီး လင်းလက်လက်တို့ကိုဆုတ်ကိုင်ပေးထားမည်ထင်ပါသည်...လင်းလက်အတွက်ဆရာမတစ်ဦးသာ တကယ့်ကိုလိုအပ်နေသေးပါသည်...

"လင်းလက် လင်းလက်...ထတော့လေ..."ဟိန်းထက် အခန်းတံခါးကိုခေါက်ပြီး အခန်းထဲသို့တံခါးဖွင့်ကာဝင်လာခဲ့သည်..

"လင်းလက်..."
လင်းလက် မျက်လုံးတို့မဖွင့်ပဲ
" သိတယ်..."ပြန်ပြောလိုက်သည်...အော်ပြောချင်းမဟုတ်ပေမဲ့ လေသံတို့ကပျော့ပြောင်းမနေခဲ့ပါ

"အေးပါ အိပ်ပျော်သွားမှာစိုးလို့ အောင်စာရင်းသွားကြည့်ချီလေ..."
ဟိန်းထက်ညှင်ညှင်သာသာပြောနေပေမဲ့

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now