"ဒေါက် ဒေါက်..."လင်းလက် အခန်းတံခါးလာခေါက်မှ သတိထားမိသည်...
"ကလေးရေ မေပါ..."
လင်းလက်တံခါးလေးကိုဖွင့်ပေးလိုက်သည်...
"မ"ပုံစံလေးက အနည်းငယ်နွမ်းလျှနေသည်...
"ငိုထားတာလား ကလေးလေး..."
လင်းလက် မျက်ရည်တွေကိုထပ်သုတ်လိုက်မိသေးသည်..."မက ဘယ်လိုသိသွားတာလည်း..."
"အရူးမလေး မျက်လုံးတွေဖောင်းကားနေတာကို...""ကဲ ပြောပါအုံး ဘာလို့အဲ့လောက်တောင် ငိုထားရတာလည်း...."
" မ ကိုလွမ်းလို့ပေါ့..."
"အပိုတွေ "မ" မမသက်နဲ့ ဈေးဝယ်သွားတာ နှစ်နာရီလောက်ပဲကြာတာကို..."
" မ ကိုလွမ်းနေခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းကပါ..."
" မ ရောထပ်တူလို့ပြောရင် 'ကလေး 'ကယုံမှာလား..."
"ယုံအောင်သက်သေပြလေ..?"
"သက်ပြေပြစရာ 'မ'နှလုံးသားပဲရှိတယ်...ခွဲကြည့်ပါ့လား..."
"ဒီစာအုပ်လေးနဲ့ဆိုအဆင်ပြေပါတယ်..."
"အဲဒါ ကလေး ဘယ်လိုတွေ့သွားတာလည်း..."
"မှန်မှန်ပြော ဒီထဲကကလေးက ဘယ်သူ့ကိုရည်ရွယ်ထားတာ..."
"မနောက်ပါနဲ့ကွာ...သိရဲ့သားနဲ့..." 'မ'မျက်နှာလေးသိသိသာသာညိုးသွားတာကြောင့် မေ နောက်မိတာမှားသွားပြီထင်သည်...
"စတာပါ 'မ'ရယ် လင်းလက်သိပါတယ်နော်..."
"ကလေး 'မ'အရမ်း မောတာပဲ ခဏလောက်မှီထားလို့ရမလား..."
"ရတာပေါ့..."
မေ လင်းလက်ရဲ့ပုခုံးလေးကိုမှီလိုက်သည်...လင်းလက် လက်တို့က မေ့ရဲ့ ပုခုံးလေးကိုကျစ်နေအောင်ဖက်ထား ပြီး လက်ကလေးကိုတယုတယကိုင်ထားသည်...
"တောင်းပန်ပါတယ်...'မ'ရယ်"
"ဘာလို့လည်း...ကလေးရဲ့..."
"စတွေ့တွေ့ချင်းတုံးက အပြစ်တင်ခဲ့မိတဲ့အတွက်ပါ..."
"မဟုတ်တာကွယ်..."
"မ"
"ရှင့်..."
"ကလေးကို 'မ'ဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပါ့လား..."
YOU ARE READING
ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }
Художественная проза{ Unicode } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ { Zawgyi } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ
![ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }](https://img.wattpad.com/cover/284218988-64-k891678.jpg)