part (15) The End { Unicode }

13.2K 569 55
                                    


"မဂ်လာပါဆရာမ..."
ရိုကျိုးစွာခေါင်းလေးငုံပြီး လင်းလက်ကိုနှုတ်ဆက်တဲ့ကလေးလေး‌တွေအား..
"ဂရုစိုက်ပြန်ကြနော်..."

ကလေးတစ်သိုက်ဖြင့် အိမ်သို့ပြန်လာခဲ့သည်...လင်းလက်သည်ပင်ဒီမြို့လေးရဲ့ဆရာမလေးဖြစ်နေခဲ့ပြီလေ...မူလတန်းပြဆရာမဖြစ်‌သလို ‌ကလေးသေးသေးလေးတွေကိုလည်းအမြဲထိန်းသိမ်းနေခဲ့ရပါသည်...
လင်းလက်ရဲ့လက်ကလေးကိုဆွဲရင်း ဆော့ပြန်လာတဲ့ကလေးတွေကြောင့် လင်းလက်လည်းအပျော်တွေကူးစ
ဆက်ကာပြုံးနေရပါသေးသည်...

"ကလေး..."ကျွန်မအသက် သုံးဆယ်တောင်ပြည့်လုနီးပါးရှိနေပါပြီ အသက်ဘယ်လောက်ကြီးကြီး မ ရဲ့ကလေးလေးဖြစ်နေတုံးပါပဲ

"ဟာ မရယ်.....မပေါ့မပါးကြီးနဲ့ဘာလို့အပြင်ထွက်နေရတာလည်း.."

"နှုတ်ဆက်ပါတယ်ဆရာမ..."

"ဟုတ်ပြီ ကောင်းကောင်းပြန်ကြနော်.."

"ဟုတ်ကဲ့..."လင်းလက်အိမ်နားရောက်နေသည်မို့ ကလေးတွေလည်း ဆရာမဖြစ်သူကိုနှုတ်ဆက်ကာ အိမ်အသီးသီးသို့ပြန်ကြလေသည်..

"ကလေးရယ် ဘာလို့ကြာနေတာလည်း...မ က စိတ်ပူလို့ထွက်စောင့်နေတာ..."

"အော် မရယ်...မနက်ဖြန်ကျောင်းပိတ်ရက်မလို့ ကလေးကတံခါးတွေလိုက်စစ်ပေးနေတာလေ..."
"အခုလို..ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ကို အပြင် ထွက်စောင့်ပါနဲ့မှာထားရက်ကွာ..."

"ဘာမှမဖြစ်ပါဘူး ကလေးရဲ့..."

"မဖြစ်ပါဘူးဆိုပေမဲ့လည်း မဖြစ်အောင်လို့လေ မရယ်...""လာလာ ကလေးလက်ကိုကိုင်ထား အိမ်ထဲဝင်ရအောင်..."

"ဆရာမ..."‌တိုက်ကလေးထဲမှပြေးထွက်လာတဲ့ ၅နှစ်သမီးအရွယ်ဖူးလေးသည်...လင်းလက်ရှိရာသို့ပြေးဖက်လိုက်လေသည်...
"လာပါအုံး..ဖူးလေးရယ်...အာဘွား.. "
လင်းလက် ဖူးလေးကိုကောက်ချီလျှက် ပါးမို့မို့လေးကိုနမ်းလိုက်သည်...
"သမီးကိုပေး..."
လင်းလက်လက်ထဲမှ ကြိမ်ခြင်းလေးအား အတင်းယူနေတာကြောင့် လင်းလက် ဖူးလေးရဲ့လက်ထဲထည့်ပေးလိုက်သည်...
လင်းလက် လက်ပေါ်မှအတင်းပြေးဆင်းရင်း...ဆွဲခြင်းလေးကိုင်ကာအိမ်ထဲသို့ပြေးဝင်သွားသည်...

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now