"ကလေးရေ နေ့ခင်းကျရင် အိမ်ကိုထမင်းလာစားလှည့်နော် 'မ'စောင့်နေမယ်...သိလား..."
phone screen ပေါ်မှပေါ်လာသော စာလေးတစ်ကြောင်း...
လင်းလက်အလုပ်တွေများနေတာကြောင့် မေ့ဆီကစာလေးရောက်နေတာကိုပင်မသိခဲ့ပေ ဖုန်းလေးဖွင့်ကြည့်မှတွေ့သွားသည်..
"ဟုတ်ကဲ့ မ..အလုပ်ကလေးတွေပြီးရင်လာခဲ့မယ်နော်..."
"ဒေါက် ဒေါက်..."
"ဆောင်း လာလေ..."
"ဘာတွေများလုပ်နေသလဲလို့လင်းလက်ရယ်...ဒီရက်ပိုင်းမတွေ့ဖြစ်လို့..."
"ဟုတ်တယ် ဆောင်းရယ်...ဒီမှာဟိုးအရင်ကအလုပ်အကြွေးတွေတင်နေလို့..."
ဆောင်းကိုအဆောင်မှာလည်းမတွေ့ဖြစ် ဆောင်းကအဒေါ်ဆီခဏပြန်သွားတာကြောင့် လင်းလက်နဲ့ညဆိုလည်းမတွေ့ဖြစ်ကြပေ အလုပ်တွေများနေတာကြောင့်လည်း မတွေ့ဖြစ်ခြင်းဖြစ်သည်...
"ဆောင်း ကဘယ်သွားမလို့လည်း..."
"ဆောင်း အပြင်သွားမလို့လေ အဲဒါ လင်းလက်ကိုလာခေါ်တာ..နောက်ပြီး လူတစ်ယောက်နဲ့မိတ်ဆက်ပေးမလို့..."ရယ်ကျဲကျဲလုပ်နေတဲ့ ဆောင်းရဲ့မျက်နှာလေးကပျော်ရွှင်လို့နေသည်..
"ငါသိတယ်နော်...ဘယ်သူနဲ့မိတ်ဆက်ပေးမလည်းဆိုတာ..."
"ဟီး "
ဆောင်းမှာကောင်လေးရှိနေပြီဆိုတာရော လင်းလက် သိထားခြင်းဖြစ်သည်...အခုလည်း ဆောင်း
ကောင်လေးနဲ့ လင်းလက်ကိုတွေ့ပေး မလို့ပဲဖြစ်သည်..
"ဒီနေ့တော့မရသေးဘူး ဆောင်းရယ်သွားစရာလေးရှိသေးလို့နော်..."
"အွန်းပါ..?အာ့ဆိုလည်း နောက်မှပေါ့...လာခေါ်တာမလိုက်နိုင်ရင်လည်း နှစ်ယောက်ထဲပဲပေါ့"
"ငါသွားတော့မယ်နော်..."စူပုတ်ပုတ်လေးပြောနေတဲ့ ဆောင်းက ကလေးတစ်ယောက်နှင့်ပင်တူလှသည်...
"အေးအေး ဂရုစိုက်သွားနော်...စိတ်မဆိုးပါနဲ့ နောက် တစ်ခါအတူတူသွားကြမယ်နော်"
သူငယ်ချင်းအပေါ်ခင်တွယ်တဲ့သူလေးက ကောင်လေးနဲ့first date သွားတွေ့တာကိုပင် လင်းလက်ကိုလိုက်စေချင်နေပြန်သေးသည်...
"ဟုတ်ကဲ့..."
ဆောင်းထွက်သွားမှ လင်းလက်လည်း လုပ်လက်စအလုပ်တွေ အပြီးသတ်ပြီး 'မ'ဆီသွားဖို့ပြင်ရတော့သည်...
YOU ARE READING
ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }
Ficción General{ Unicode } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ { Zawgyi } ဆရာမနဲ့ တပည့်မလေးရဲ့ အရမ်းချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးပါ
![ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }](https://img.wattpad.com/cover/284218988-64-k891678.jpg)