part (14) { Unicode }

6.7K 393 11
                                        

လင်းလက် ဆေးရုံဆင်းသည်ထိ 'မ'ရောက်မလာခဲ့ပါ...ဖုန်းဆက်တော့လည်း မကိုင်သလို အတွေ့လည်းမခံခဲ့ပါ...

"လင်းလက်...နယ်ကိုမပြန်ပါနဲ့ဟာ..."
အထုတ်အပိုးတွေထည့်နေတဲ့ လင်းလက်ကို ဆောင်း တားနေခြင်းသာဖြစ်သည်...

"ဆောင်းကလည်း..နယ်ဆိုပေမဲ့ အမြဲအဆက်အသွယ်လုပ်မှာပါ...စိတ်မကောင်းမဖြစ်ပါနဲ့..."

"အဲဒါတော့အဲဒါပေါ့ လင်းလက်ရယ်...နင်ထပ်မကြိုးစားတော့ဘူးလား...သူလည်းနင့်ကိုအရမ်းချစ်ခဲ့တာပဲဟာ..."

"ငါမကြိုးစားချင်တော့ပါဘူးဟာ...ငါဘက်ကကြိုးစားတယ်ဆိုပေမဲ့ သူ့ကိုအနှောက်အယှက်ဖြစ်စေမှာမျိုး...ငါမလိုလားဘူးဟာ..."

"ဘာဖြစ်ဖြစ် ငါကတော့နင့်ကိုဒီမှာပဲနေစေချင်တယ်..."

"မနေတော့ပါဘူးဟာ... ငါလုပ်ရမဲ့အလုပ်တွေရှိသေးတယ်...ငါဒီကိုရောက်တုံးကလည်း သူမကိုရှာဖို့ပဲလေ...အခုတော့ အရာအားလုံးပြီးသွားပါပြီဟာ...ငါ့ကြောင့်ဘယ်သူ့ကိုမှထပ်ထိခိုက်မှာမျိုးမလိုလားဘူး..."
ဆောင်း လင်းလက်ကိုထပ်မတားဖြစ်တော့ပါ ဘယ်လိုတားတား သူ့ဆုံးဖြတ်ချက်ကပြောင်းမဲ့ပုံမှမပေါ်ပဲ....

"ငါလိုက်ပို့ပေးမယ်လေ..."

"မပို့ပါနဲ့...ငါ ဒီတိုင်းကားငှားပြီးပဲပြန်တော့မယ်..?"

"နင်ဟာ ဒီလောက်လေးတောင် ငါ့ကိုအခွင့်အရေးမပေးတော့ဘူးနော်.."

"နောက်တော့ပေါ့ဟာ...စိတ်မဆိုးပါနဲ့..ကောင်လေးကိုလည်းဂရုစိုက်ပါနော်...မဂ်လာဆောင်ကျဆက်ဆက်လာခဲ့ပါ့မယ်...အရမ်းမဆိုးနဲ့ ဟုတ်ပြီလား..."
လင်းလက် ဆောင်းကိုဖက်ရင်း ပါးလေးကိုအနမ်းလေးပေးကာနှုတ်ဆက်ခဲ့သည်...

တစ်ရွေ့ရွေ့သွားနေတဲ့ ကားလေးထဲ၌ဝယ် မြို့ပြရဲ့ လှုပ်ရှားမှုတိုင်းကိုအကဲခပ်ရင်း တစ်စုံတစ်ယောက်ကို လွမ်းနေမိပါသေးသည်..
" မ‌ ရေ..ဝေးကြပြီဆိုတဲ့စကားကိုမသုံးချင်ပါဘူး...ဆိုးခဲ့မိုက်ခဲ့တဲ့ကလေးကိုလိမ္မာစေခဲ့သည်မလား..တစ်ခုတော့သတိမထားခဲ့မိကြဘူးနော်..ဗီဇဆိုတာပျောက်ခဲတယ်ဆိုတာပေါ့...မ လိမ္မာစေချင်ခဲ့တဲ့ကလေးက ဘယ်လောက်တောင်ဆိုးသလဲ စဉ်းစားညဏ်မဲ့စွာ လူတစ်ယောက်ကိုသတ်ပြစ်နိုင်ခဲ့တယ်တဲ့..."
"ကလေးအသဲနှလုံးလေးကိုတော့ 'မ'ရှိတဲ့ဒီနေရာလေးမှာသာ..အပ်နှင်းထားခဲ့ပါရစေ..."

ပဲ့ကိုင်ရှင်// ပဲ့ကိုင္ရွင္ [ Completed ] { Unicode & Zawgyi }Where stories live. Discover now