Hybrid 1 (U+Z)

2.7K 158 17
                                    

" တောက်ခ်! ချီးထဲမှကွာ! ဘာမှ အသုံးမကျဘူး "

ညနက် 10 နာရီကျော် အလင်းရောင် သိပ်မရှိသော အခန်းထဲ သူတစ်ကိုယ်တည်း သောင်းကျန်းနေမိသည်။ မျက်နှာကလည်း ခက်ထန်ကာ ဒေါသကြောင့် နီရဲနေသည်။ အခန်းတစ်ခုလုံးလည်း သူဖွထားတာကြောင့် ခြေချစရာ နေရာပင် မရှိ...

ထိုစဥ် တံခါးခေါက်သံနှင့် အတူ မရှေးမနှောင်းတွင် ထွက်ပေါ်လာသော တံခါးရှေ့မှ အသံတစ်ခု...။

" Boss ယူခိုင်းထားတဲ့ Whiskey ရပါပြီ "

" အေး ထားခဲ့လိုက်! "

အရက်လာပို့သော သူ့လက်အောက်ငယ်သားကို သူလေသံမာမာဖြင့် ပြောလိုက်မိသည်။ ဒါ လူတိုင်းကို သူဆက်ဆံနေကျ ပုံစံမဟုတ်သော်လည်း ယခု ဒေါသထွက်နေ၍ အကြည့်စူးစူးကပါ ဒေါင်ခနဲ၊ ဒါကို ထိုကောင်လေးကလည်း သိ၍ မျက်နှာမပျက်..

ရှုပ်ပွနေသော စားပွဲကို အနည်းငယ်ရှင်းကာ ဗန်းလေးချပြီး ထိုကောင်လေး ထွက်သွားတော့မှ ရေခဲထည့်ထားသော ခွက်ထဲသို့ Whiskey တွေလောင်းထည့်ကာ တစ်မော့တည်း မော့ချလိုက်တော့သည်။

" ဟက်! မင်းတို့ကောင်တွေက ငါ့ကို နိုင်မယ် ထင်တယ်ပေါ့...? 10 ဘဝကြိုးစားလည်း အပိုဘဲ ဆိုတာ မသိလို့လား? "

ပူဆင်းသွားသော လည်ချောင်းတစ်လျှောက်နှင့် ခါးသက်သက် အရသာတွေကြားမှ အံကြိတ်ကာ ပြောမိသော စကား...

" ဒါတွေအားလုံး Appa ကြောင့် ဖြစ်ရတာ၊ Appa သာ ပိုက်ဆံကို အချိန်မှီပေးမယ်ဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး! "

သူနှင့် ပြိုင်ဘက်ဖြစ်သော လူတွေကို ဒေါသထွက်နေရာမှ ဒေါသတွေက နဂိုကတည်းက မကြည်သော အဖေဖြစ်သူထံသို့ မြားဦးလှည့်လာတော့သည်။

" အာကွာ!!!! " ^ ခွမ်းးးး ^

တွေးရင်းတွေးရင်း ဒေါသတွေက ပိုပိုထွက်လာသောကြောင့် လက်ထဲက အပြစ်မရှိသော ဖန်ခွက်လေးက ကြမ်းပြင်ပေါ်တွင် တစ်စစီ ဖြစ်လျက်....

သူ ထိုင်နေရာမှ ထကာ ဝတ်ထားသော Coat အမဲရောင် အရှည်ကို တစ်ချက် ခါလိုက်ပြီး အခန်းအပြင်သို့ ထွက်ရန်​ပြင်လိုက်သည်။ ဒီအချိန်မှာ ဒီလိုထိုင်နေလို့ ရတာမှ မဟုတ်တာ၊ ပြသာနာကို ဖြေရှင်းရမည်လေ...

Hybrid But Demon Where stories live. Discover now