Hybrid 6 (U+Z)

782 102 4
                                    

လက်နက်ဝယ်ရာ နေရာသို့ မသွားမှီ 10 မိနစ်အလို, Club ရှေ့ လူစုကာ ပိုက်ဆံစောင့်နေတုန်း လက်အောက်ငယ်သား တစ်ယောက်က ကားဘေးတွင် ရပ်နေသော Seokjin ကို အပြေးလေး လာပြောသော စကား...

" Boss! MinJ အူအတက်ပေါက်လို့ ဆေးရုံတင်လိုက်ရတယ်! "

" MinJ? မနေ့တုန်းကမှ အကောင်းကြီးကို ဘယ်လိုဖြစ်တာလဲ? အခု အဆင်ပြေရဲ့လား? "

" မိသားစုဝင်တွေလည်း အနားမှာ ရှိနေတယ် ပြောပါတယ်၊ ဒါပေမယ့် Boss! ဘဏ်မှာ ထုတ်ခိုင်းလိုက်တဲ့ ပိုက်ဆံတွေကို သူမထုတ်ရသေးဘူး၊ ထုတ်ဖို့ သွားနေရင်း လမ်းမှာ ဗိုက်အောင့်လို့ ဆေးရုံသွားလိုက်ရတာ... "

ထိုကောင်လေး၏ စိုးရိမ်သံစွက်နေသော စကားကြားအပြီး Seokjin ခဏတော့ အတွေးများသွားသည်။ MinJ ဆိုသည် သူ၏ လူယုံတစ်ယောက်ဖြစ်သောကြောင့် ပိုက်ဆံကိစ္စတွေကို MinJ မှ လွဲလျှင် ဘယ်သူ့ကိုမှ မခိုင်း...

" ရတယ် ဒီမှာ ငါစီစဥ်လိုက်မှာမို့၊ မင်းက သူ့ဆေးဖိုးအတွက် လိုလေသေးမရှိ လုပ်ပေးထားလိုက်... "

" ဟုတ်ကဲ့ Boss "

ထိုကောင်လေး ထွက်သွားသည်အထိ Seokjin မှာ ပိုက်ဆံကိစ္စ ခေါင်းခဲနေဆဲ၊ ဘဏ်မှာ ပိုက်ဆံထုတ်ရမှာမို့ တခြားလူတွေကို ခိုင်းလို့လည်း မဖြစ်။ ထို့နောက် အကြံတစ်ခုပေါ်လာပြီး ဘေးသို့ လှည့်ကြည့်လိုက်ကာ...

" Joon! မင်းဘဏ်မှာ ပိုက်ဆံထုတ်ပေးမလား? Bin ကိုပါ ခေါ်သွားလေ... "

အစတုန်းက Joon ကိုပါခေါ်ပြီး သွားမလို့ပေမယ့် ပိုက်ဆံတွေကို စိတ်မချတာကြောင့် ယုံကြည်ရသည့် Joon ကိုဘဲ သွားယူခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ သူ့စကားကို ကြားတော့ ယနေ့ကားမောင်းဖို့ တာဝန်ကျသည့် Bin က..

" Boss တစ်ယောက်ထဲ ဖြစ်ပါ့မလား? "

" ရတယ် ငါ့ကို ကားပေးထားခဲ့၊ တခြားလူတွေလည်း ပါတာဘဲ... 10 ယောက်တောင် မဟုတ်လား? အဆင်ပြေပါတယ် "

" ဒါပေမယ့် Hyung, ကျွန်တော်စုံစမ်းထားသလောက် ဟိုဘက်က 15 ယောက်နော်... "

Joon ကပါ စိုးရိမ်နေသည့် မျက်လုံးတွေနှင့် ပြောလာသောအခါ ဘာရယ်မဟုတ် ထိုအခိုက်အတန့်တွင် Seokjin မှာ နှစ်သက်ဖွယ် ပြုံးလိုက်မိသေးသည်။ သူ တဇွတ်ထိုးတွေ လုပ်တိုင်း နောက်ဆို Joon က စိတ်ပူပေးတော့မှာ...

Hybrid But Demon Where stories live. Discover now