Hybrid 16 (U+Z)

606 88 37
                                    

Seokjin တစ်ယောက် အတွေးပေါင်းများစွာနှင့် မှန်တစ်ထပ်ခြားထားသော အိမ်ရှေ့မြင်ကွင်းကို ငေးနေမိပြန်သည်။ အရင်ကလည်း ဒီလိုငေးဖူးပေမယ့် အခုတစ်ခါကတော့ စိတ်ထဲပိုမို တင်းကြပ်စွာ၊ တိတ်ဆိတ်နေသော အခြေအနေက ခဏအကြာ...

" Hyung!! ဘယ်ရောက်နေတာလဲ!? "

တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် သူ့ကို တစာစာခေါ်ကာ လိုက်ရှာနေပါသော Hybrid လေး၊ သူ့ကို တွေ့သည်နှင့် နားရွက်ထောင်ထောင်လေး နှစ်ဖက်က လှုပ်ကာ အမြီးရှည်လေး တယမ်းတယမ်းနှင့် ပြေးလာတာများ လုံးလို့...

" Hyung က ဒီရောက်နေတာကိုး၊ ကျွန်တော်က မီးဖိုချောင်မှာ သွားရှာတာဗျ "

အနားရောက်သည်နှင့် ခေါင်းလေးသာ နောက်လှည့်ထားသော Seokjin ၏ ခန္ဓာကိုယ်အား အနောက်ကနေ အင့်ခနဲနေအောင် ဖက်ကာ Joon မှာ လည်ပင်းသို့ တိုးဝှေ့သည်။ ဒါဟာ ဒီတလော Joon လုပ်လာတဲ့ အကျင့်တစ်ခု...

" ဘာလို့ ရှာတာလဲ? "

လည်ပင်းသို့ တိုးဝှေ့နေတာကို ကျင့်သားရနေစွာ လေသံ အေးအေးလေးနှင့် Seokjin ပြန်မေးတော့ Joon က ပြူးကြောင်ကြောင်လေးနှင့် မော့ကြည့်လာသည်။ Hyung က ဘာလို့ ဆွေးနေသလို ခံစားချက်ကြီးနဲ့...?

" ဟမ်!? Hyung ကို ကိစ္စရှိမှ ရှာရမှာလား? ဒီတိုင်း တွေ့ချင်လို့လေ... ရှင်းအောင်ပြောရရင် လွမ်းလို့! "

အတွေးနဲ့အတူ မျက်လုံးထဲ ဝင်လာသော ပါးဖြူဖြူလေးအား Namjoon မှာ အားရအောင် ဖိကပ်ပြီး နမ်းလိုက်သည်။ ပါးမှတစ်ဆင့် အရှေ့သို့ နည်းနည်းတိုးကာ နှုတ်ခမ်းထူထူလေးအား ဖိကပ်ပြန်တော့ Hyung က ဟွန့်ခနဲ နှာမှုတ်သည်။

" ဘာလို့ ငါ့ကို လာချွဲနေတာလဲ Joon? "

" ချစ်လို့ ချွဲတာလေဗျာ... မရဘူးလား? "

နှုတ်ခမ်းဆူကာ ပြောရင်းနှင့် Joon က Seokjin ၏ ခန္ဓာကိုယ်လေးကို မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်သည်။ အရပ်က သိပ်မကွာသည်မို့ အကြည့်ချင်းဆုံနေသည်မှာ အချိန်အတော်ကြာ၊ ထို့နောက် သြရှသည့် အသံကြီးနှင့် Joon က...

" ကျွန်တော် Hyung ကို နမ်းချင်တယ် "

တော်တော်ကြာကြာမှ ထွက်လာသည့် ခွင့်တောင်းခြင်း မဟုတ်သော အသိပေးစကားကြောင့် Seokjin မှာ ရဲတင်းနေသော Joon ကို အံသြလွန်း၍ မျက်လုံးဝိုင်းကြီးတွေနှင့် ပါးစပ်လေးဟကာ ကြောင်ကြည့်နေမိသည်။

Hybrid But Demon Where stories live. Discover now