Seokjin တစ်ယောက် မှန်ကာထားသော အိမ်နံရံအပြင်ဘက်ကို လက်ပိုက်ကြည့်ရင်း အတွေးများနေသည်။ အပြင်က မြင်ကွင်းကို သူသေချာမသိ၊ သူ့စိတ်ထဲတွင်တော့ Joon ဆိုသော Hybrid နှင့် ရှေ့ဆက်ရမည့် အနာဂတ်ကိုသာ တွေးနေမိသည်။
" ကျစ်! အချိန်ပြည့် အဲ့ဒါဘဲ ခေါင်းထဲ ရောက်နေလိုက်! "
ခဏခဏတွေးမိနေသော ထိုအတွေးတွေကို မကျေမချမ်းဖြစ်စွာ သူရေရွတ်လိုက်သည်။ ဒီနောက်ပိုင်း Joon နဲ့ ပတ်သက်ပြီးဘဲ တွေးနေမိသော ကိုယ့်ကိုကိုယ်တောင် မယုံမကြည်ဖြစ်လာသလို၊ အတွေးထဲ အမြဲနေရာယူနေသူက Joon ဖြစ်နေတော့ ပိုဆိုး၊
" ဘာလုပ်နေတာလဲ Hyung? "
ခါးပေါ်တွင် တဖြည်းဖြည်း ရစ်ပတ်လာသည့် လက်လေးတစ်စုံ၊ ခန္ဓာကိုယ်တစ်ခုလုံး ရင်ဘတ်နွေးနွေးထဲ ရောက်သွားတာနှင့်အတူ နားထဲ ဖြည်းဖြည်းလေး ဝင်လာသည့် သြရှရှ အသံလေး၊ Seokjin မှာ ထိုလက်တွေကို ပြန်လည်အုပ်ကိုင်လိုက်ရင်း...
" ငါတို့ နှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မယ်လို့ မင်းထင်လဲ? ငါ့ရဲ့ အလုံးစုံကို မင်းဆီ ပေးလိုက်ဖို့ ခဏခဏတွေးမိနေတယ် Joon... "
ပြွတ်စ်~
Joon မှာ သူ့ရှေ့တွင် စကားပြောလိုက်တိုင်း ဖောင်းသွားသော ချစ်စရာ ပါးဖောင်းလေးကို နှာခေါင်းထိပ်လေး နစ်ဝင်သည်အထိ အသည်းယားစွာ မွေးကြူလိုက်သည်။ ခပ်သင်းသင်းအနံ့လေးက နှာခေါင်းနားမှာ ကြည်နူးဖွယ် ကလူကျီစယ်သည်။
" ဘာကို စိုးရိမ်နေတာလဲ? ကျွန်တော်တို့ နှစ်ယောက်လုံးက ယောကျာ်းလေးတွေ မို့လို့လား? "
" ဟားးး ငါက အဲ့လို ပညတ်ချက်တွေကို ဂရုစိုက်မယ်များ ထင်နေတာလား? မင်းစိတ်ထဲမှာလေ... အဲ့လိုပုံ ပေါက်နေတာလား? "
Seokjin ၏ အမှန်တရားတွေ ပျော်ဝင်နေသော စကားအဆုံး Joon ပြုံးလိုက်ပြီး ခေါင်းကို အောက်နည်းနည်းငုံ့ကာ Seokjin ၏ လည်ပင်းကို နှုတ်ခမ်းနှင့် တစ်ချက်ထိလိုက်ပြီး မျက်နှာ အပ်ထားလိုက်သည်။
" Hyung စိတ်မချမ်းသာရင် ကျွန်တော် ဘာမှမလုပ်ချင်ဘူး၊ Hyung ကို ချစ်ဖို့တောင်မှ... "
YOU ARE READING
Hybrid But Demon