Hybrid 4 (U+Z)

810 110 8
                                    

Seokjin တစ်ယောက် Sofa ပေါ်တွင်ထိုင်ကာ မန်နေဂျာ လာပေးထားသော Club အတွက် လိုအပ်သည့် ပစ္စည်းစာရင်းများကြောင့် ခေါင်းခိုက်နေမိသည်။ ဘယ်လိုချွေတာရမလဲ ဆိုတာကိုလည်း မကောင်းသော ဉာဏ်နှင့် စဥ်းစားနေရသေးသည်။

" ဘာအဆင်မပြေလို့လဲ Boss? "

မျက်နှာမကောင်းတာကို သတိထားမိသော Joon က စာရွက်စီနေရင်း မေးလာသည်မို့ ဘာပြန်ဖြေရမလဲ စဥ်းစားနေစဥ် ကားပေါ်တွင် ပြောခဲ့သော Hybrid ပေမယ့်လည်း IQ 148 ဆိုတာကို ကြားယောင်ပြီး တိုင်ပင်ချင်လာသလို...

" လာ ဒီနားလာခဲ့ ပြောပြမယ် "

Seokjin က ခပ်လှမ်းလှမ်းတွင် ထိုင်နေသည့် Joon ကို မျက်နှာချင်းဆိုင်က Sofa ပေါ် ထိုင်ရန် ပြောသော်လည်း Joon က အနားတွင် လာထိုင်သည်။ ရုတ်တရက်မို့ Seokjin မှာ ကြောင်အစွာ လန့်သွားရင်း...

" ငါ မင်းကို ပြောတာ အရှေ့မှာကွ! အနားကို ဘာလာလုပ်တာလဲ? "

" အနားမှာဆိုရင် ပိုအဆင်ပြေမယ် ထင်လို့ပါ Boss "

" အေး စိတ်ချမ်းသာသလို လုပ်ကွာ၊ ပြောပြမယ် နားထောင်... "

ဟု အစချီကာ Appa နှင့် မတည့်သည့် အကြောင်းမှ အစ၊ အသက် 40 မှ အမွေအကုန်ရမည် ဖြစ်ကြောင်း အလယ်၊ လက်ထဲ ပိုက်ဆံမရှိတော့သည့် အကြောင်း အဆုံး စီကာပတ်ကုံး အကုန်လုံး ပြောပြမိသည်။

" ဒါဆို ဖြစ်နေတာ ပိုက်ဆံကိစ္စပေါ့? "

Joon ၏ အမေးတွေ စွက်နေသည့် စကားကို Seokjin မှာ အ​ပြည့်အဝ ထောက်ခံသည့်ပုံနှင့် ခေါင်းကို အားပါစွာ ဆတ်ဆတ်ငြိမ့်ပြသည်။ ဒီအချိန်မှာ အရာအားလုံး ဒီကောင့်ပေါ် မူတည်သည်မို့၊ သို့ပေမယ့် မေးလာသည်က...

" ဒီ Club ကို ဥပဒေနဲ့ အညီ ဖွင့်ထားတာလား? "

" ဒါပေါ့ကွ မင်းကလည်း!
.
မှတ်ပုံတင်စစ်ပြီး အသက်ပြည့်တဲ့လူမှ Club ထဲ ပေးဝင်တယ်၊ မူးယစ်ဆေး သုံးခွင့်လည်း မပြုထားဘူး၊
.
ပြီးတော့ ရန်ဖြစ်တာတွေ ဘာတွေ ဆိုလည်း နောက်ခါ Club ထဲ ဝင်ခွင့်မရအောင် စည်းကမ်းတင်းကြပ်ထားပြီးသား၊
.
လိင်ကိစ္စကိုလည်း ခွင့်မပြုဘူး၊ တစ်ခုခုဆိုတာနဲ့ လုံခြုံရေးတွေက အမေးအမြန်း မရှိဘဲ အပြင်ဆွဲထုတ် ပြီးသားဘဲ... "

Hybrid But Demon Where stories live. Discover now