Hybrid 19 (U+Z)

553 81 23
                                    

" ဘာလို့ ဒီလောက် အားသန်ရတာလဲ!? "

လူအချင်းချင်း လုံးထွေးသတ်ပုတ်နေသော တိုက်ပွဲက ရုတ်ချည်းဆိုသလို နှစ်ဆလောက် ထွားသော ဝံပုလွေကဲ့သို့ သားရဲတိရစ္ဆာန်တွေနှင့် တိုက်ခိုက်နေရသည့် ပွဲသို့ အသွင်ကူးပြောင်း သွားလေသည်။ ထိုကောင်တွေက အလွန် အားသန်လှသည်။

Seokjin လူတွေနှင့် Shoonwoo လူတွေ ပေါင်းလျှင် လူအင်အား 20 ကျော်ကျော် ရှိသည် ဆိုသော်လည်း ထို 10 ကောင်နီးပါးရှိသော အကောင်တွေက အားကြီးလွန်း၍ တစ်ကောင်လျှင် နှစ်ယောက်နှုန်းနှင့် သူတို့မှာ ခုခံနေရသည်။

လက်နက်ရောင်းဝယ်ရေး အဆောက်အဦးထဲမှာမို့ ဓားတွေ သေနတ်တွေ မပါသောကြောင့် ရှိနေသည့် ထိုင်ခုံတွေ စားပွဲတွေကို ရိုက်ချိုးကာ သစ်သားဖြင့် လက်နက်လုပ်ပြီး Seokjin တို့ဘက်က လူများသော်လည်း ခံစစ်သာဖြစ်နေသည်။

တိုက်စစ်နှင့် ထိုးစစ်ဆင်ဖို့ကလည်း လူအင်အားများနေတာတောင် သူတို့မှာ မနိုင်... အဆောက်အဦး တစ်ခုလုံးတွင်လည်း နာနာကျင်ကျင်အော်သံများ၊ အူသံများ ပြည့်နှက်နေပြီး သွေးတွေပင် ရွဲနေစေကာမူ ထိုတိုက်ပွဲကတော့ မပြီးသေး၊

" Boss! ဟိုဘက်က ခေါင်းဆောင် မရှိတော့ဘူး! "

ထိုအချိန် ဘယ်ကမှန်းမသိသော်လည်း သတိပေးသလို အော်ပြောပါသော လက်အောက်ငယ်သားကြောင့် Seokjin မှာ အညိုရောင် သတ္တဝါကြီးအား ရှောင်ရင်း ကြားလိုက်သေးသည်။ ဘာလို့ သတ္တိမရှိတဲ့ ဂျပုက သူ့ပြိုင်ဘက် ဖြစ်နေရသနည်း?

" ဂီးးးးး "

ထိုအချိန် ကြားဖူးသမျှထဲတွင် အကျယ်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး မာန်ဖီသံကြောင့် လူတွေပင်မက သားရဲကောင်ကြီးတွေကပါ တိုက်ပွဲတစ်ခုလုံး၏ အာရုံစိုက်မှုသည်က အသံလာရာဆီသို့ ရုတ်ချည်း ပြောင်းရွေ့သွားရသည်။

" Joon! "

Seokjin ရင်ခုန်သံတွေ မြန်လာသည်။ အပေါက်ဝတွင် ရပ်နေသော အမဲရောင် Hybrid ကြီးသည် Joon မှန်း သေချာပေါက် သူအလိုလို သိလိုက်သည်။ သို့ပေမယ့် Joon က တစ်ကိုယ်လုံး သွေးတွေ ယိုဆင်းနေသည့် ဒဏ်ရာအပြည့်နှင့်...

Hybrid But Demon Where stories live. Discover now