Hybrid 14 (U+Z)

565 87 7
                                    

" အဟားးးဟားးးး ဒါဆို မင်းက အိမ်ခွဲနေရဖို့အတွက် ကတိတွေ ထပ်ပေးခဲ့ရတာပေါ့...? "

ကိုယ့်ပေါင်ကိုယ် လက်နှစ်ဖက်နှင့် တဖြန်းဖြန်း ရိုက်လျက် သူ့ကိုကြည့်ကာ အားရပါးရ ရီနေပါသော Seokjin Hyung ကြောင့် Hoseok မှာ ရီရခက် ငိုရခက်၊ ထပ်ပြောမည့် စကားတွေတောင် လည်ချောင်းထဲ ပြန်ဝင်သွားသလို...

" Hyung ကဗျာ... ကျွန်တော့်အဖြစ်က ရီရမှန်း သိပါတယ်၊ အဲ့လောက်တော့လည်း မရီနဲ့လေ... ရှက်တယ်ဗျ! "

Hoseok က ခေါင်းလေးကုပ်ကာ ရှက်ရှက်နဲ့ ပြောတာတောင် Seokjin မှာ အရီမရပ်နိုင်သေး၊ ပေါင်တွေကို ရိုက်ပြီးရီတာ အားမရလို့ ခေါင်းတွေပါ ချာချာလည်နေကာ တစ်ကိုယ်လုံးလည်း လေထဲမှာ ယမ်းခါနေသည်။

ထိုအချိန် Seokjin ၏ ရီကြောကို ဖြတ်လိုက်သည်က မတိုးမကျယ် တံခါးခေါက်သံလေးနှင့် တံခါးကြားမှ ခေါင်းလေးပြူကာ ထွက်လာသော Bin ၏ အသံ၊ Seokjin မှာ အရီရပ်သွားကာ Bin ၏ စကားအား နားစိုက်ထောင်သည်။

" Boss! Jack က အရေးတကြီး ပြောစရာ ရှိလို့တဲ့ "

အားနာဟန်နှင့် Hoseok ကို ကြည့်ကာ အသံလေးနှိမ့်ပြီး ပြောလာသော Bin...

" ငါ့မှာ ဧည့်သည်ရှိနေတယ်လေ Bin! ပြောလိုက် မအားသေးဘူးလို့...! "

ကလေးဆန်သည်ဘဲ ပြောပြော မနေ့က Joon' ကိစ္စနဲ့ပတ်သက်ပြီး ထိုကောင်လေး Jack ကို Seokjin ဘယ်လိုမှ မကြည်နိုင်​သေးပါ။ ထို့ကြောင့် ဆင်ခြေပေးပြီးသာ ငြင်းလိုက်မိသည်။ သို့သော် ဘာမှမသိရှာသော Hoseok ကတော့...

" ရပါတယ် Jin Hyung... သူအရေးကြီးလို့ နေမှာပေါ့ ကျွန်တော်လည်း အဖော်နဲ့လာတာ၊ ပြန်တော့မယ်... "

ပြောပြီးသည်နှင့် ခုံပေါ်က ထကာ Jin Hyung ကို နှုတ်ဆက်ပြီး Hoseok ထွက်လာလိုက်သည်။ ဒါတောင် အခန်းပြင်ရောက်တော့ ကြားလိုက်မိသည်က Jin Hyung ၏ ဝင်လာခိုင်းလိုက် ဟူသော ဆူအောင့်အောင့် အသံလေး...

Hoseok တစ်ယောက် Jin Hyung ၏ ရုံးခန်းထဲမှ ထွက်လာသည်နှင့် လျှောက်လမ်းလေး တစ်ခုကို ဖြတ်ကာ ​ကြည့်တော့ တွေ့လိုက်ရသည်က မီးရောင်စုံကြားထဲက လူပေါင်းစုံ၊ စိတ်လွတ်ကိုယ်လွတ် ကနေလိုက်ကြတာများ ကွေးလို့...

Hybrid But Demon Where stories live. Discover now