ပုံမှန်မောင်းနေကျ အရှိန်ထပ်ပိုသည့် အရှိန်နှင့် ညလယ်ခေါင်၏ ကားလမ်းမလယ်ကြီးထဲ အရှိန်မြင့်စွာ မောင်းနှင်းနေပါသော ကားတစ်စီး၊ ထိုကားထဲတွင်တော့ အချောဆုံးတွေ ရှုံးလောက်အောင် ချောရက်လှသော အမျိုးသား နှစ်ဦး...
" Soobinar... "
" ဗျ-ဗျာ...? "
သူ၏ နာမည်ရင်းကို ဒီလိုမျိုး တစ်ခါမှ မခေါ်ဖူးသော Boss ကြောင့် Bin မှာ ကားမောင်းနေရင်း တန်းလန်းမှ Boss အား ဖြတ်ခနဲ လှည့်ကြည့်မိသည်။ Boss ကတော့ သူ့ကို ကြည့်မနေဘဲ အပြင်ဘက်ကိုသာ ငေးရင်း...
" အချစ်ဆိုတာ ဘယ်လိုမျိုးလဲ? "
ခပ်ဆွေးဆွေးပုံစံနှင့် Boss မေးတော့ Bin မှာ ရင်ဘတ်ထဲ တင်းကြပ်လာရသည်။ အကြောင်းက အကိုယောန်ကို ဖွင့်ပြောပြီးသည့်တိုင် အကိုယောန်က သူငယ်ချင်းပါ ဆိုပြီး ဖရန့်ဇုန်ထဲ ထိုးထည့်ထားသောကြောင့်... ကတောက်စ်!
" သူများတွေတော့ မသိပေမယ့် ကျွန်တော်ရဲ့ အချစ်ကတော့ တစ်ဖက်သတ်ပါဘဲ Boss... ကျွန်တော်က အများကြီး ချစ်နေရင်တောင် သူက ကျွန်တော့်အချစ်ကို မသိတာမျိုးပေါ့... "
" ဒါဆို... အများကြီး ချစ်တာကို သိနေလျက်နဲ့ တစ်ခါတစ်လေ မြင်ပြီး တစ်ခါတစ်လေ မမြင်ချင်ယောင်ဆောင်ရင်ရော? "
" ဗျာ... "
အဓိပ္ပါယ် နားမလည်သော Bin က ဘာပြန်ဖြေပေးရမှန်း မသိ၍ အမေးသဘောဆောင်သော စကားတစ်ခွန်းနှင့် တိတ်ဆိတ်သွားသလို Seokjin ဆီကလည်း ဘာစကားမှ ထပ်ထွက်မလာတော့ပါ။ Seokjin စဥ်းစားနေမိသည်က Joon...
သူ မဆင်မခြင်တွေ လုပ်တိုင်း အနားမှာ အမြဲရှိနေမယ်လို့ ထင်ခဲ့တဲ့ Joon က ဒီနေ့လို အရေးကြီးသည့် အချိန်မျိုးမှာ သူ့အနား ရှိမနေပါ။ လက်နက်အရောင်းအဝယ် လုပ်သည့်ကိစ္စကိုတောင် မလာနိုင်တဲ့ Joon က တကယ်ဘဲ...?
-----------------------------------
" ဝိုးးး တစ်ယောက်ထဲလာတာလား Seokjin!? မင်းအားကိုးနေကျ မင်းကောင်ရော မပါဘူးလား? "
လက်နက်ဝယ်သည့် အဆောက်အဦးထဲ ဝင်လိုက်သည်နှင့် ခုံပေါ်တွင် ကျကျနန ထိုင်ကာ စောင့်နေသော Shoonwoo က Seokjin အား ခနဲ့ကာ ပြောသည်။ ဒီလိုအပြောမျိုးတွေကို မခံနိုင်သည့် Seokjin မှာလည်း တစ်ချက်သာပြုံးပြီး...
YOU ARE READING
Hybrid But Demon