Hybrid 10 (U+Z)

675 94 22
                                    

" Bin!!!!! "

" Joon Hyung!!! "

ဧည့်ခန်းထဲသို့ ပုံမှန် မဟုတ်သည့် အရှိန်နှင့် ပြေးဝင်လာသော Joon သည် ပါးစပ်နှင့် လည်ပင်းတစ်ဝိုက်မှာ သွေးတွေဆိုတာ မြင်မကောင်း၊ အိမ်ပေါ်ထပ်မှ ဆင်းလာသော Bin မှာ သူ့ကိုယ်ပေါ်က သွေးတွေကို မြင်သည်နှင့်...

" Huyng!! သွေး-သွေးးတွေ! ဘယ်နေရာ ထိခိုက်လာတာလဲ!? "

Joon ၏ တစ်ကိုယ်လုံးကို တောင်မြှောက်လိုက်ကြည့်ကာ Bin က Seokjin အစား စိုးရိမ်စွာမေးသည်။ Boss မြင်ရင် ဒီ့ထပ်ဆိုးမှာမို့ သူကအရင်ဦးစွာ မေးထားရခြင်း။ သို့ပေမယ့် ထိုသွေးတွေကို ဂရုမစိုက်အားတဲ့ Joon ကတော့...

" ငါ့သွေးတွေမဟုတ်ဘူး၊ Hyung? Hyung ဘယ်မှာလဲ...? "

" အပေါ်ထပ်က အခန်းထဲမှာ ဆေးထည့်ပေးပြီး အိပ်နေတယ်... ဟို ကျွန်တော်- "

ပြောတာတောင် ဆုံးအောင် နားထောင်မသွား၊ Joon Hyung မှာ အပေါ်ထပ်သို့ ဝရုန်းသုန်းကား ပြေးတက်သွားပြန်သည်။ ပြန်ဆင်းလာဖို့လည်း ​မမြင်တာမို့ Bin မှာ သူ့ဟာသူသာ တံခါးပိတ်ပေးကာ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

" ဟော့ဒီက Choi Soobin အချောလေးကဘဲ ကူညီပေးလိုက်ပါ့မယ်လေ... သူများကို ကူညီတော့ Crush ဆီက အဖြေမြန်မြန်ရတာပေါ့ ဟဲဟဲ "

-----------------------------------

နောက်တနေ့ နေ့လည်...

" Hyung... နိုးပြီးလား သက်သာရဲ့လား? "

ကုတင်ပေါ်တွင် လှုပ်စိလှုပ်စိဖြစ်လာသော ခန္ဓာကိုယ်လေးကြောင့် Joon မှာ ကုတင်ဘေးက လွတ်နေသော နေရာမှာ တင်ပလွှဲ ထိုင်နေရင်းမှ Hyung ၏ နဖူးပေါ်က ဆံပင်တစ်ချို့ကို အနူးတညံ့ သပ်တင်ပေးကာ မေးလိုက်သည်။

သို့သော် Seokjin က ပြန်မဖြေဘဲ သူ့နဖူးပေါ်တွင် ရှိနေသော Joon ၏ လက်ကို ဆွဲယူကာ သူ့ခေါင်း အောက်ထည့်လိုက်တာမို့ Joon က အလိုက်တသိ ကုတင်ပေါ်တက်ကာ ဖက်ထားပေးလိုက်သည်။ ထိုအခါ Seokjin က...

" ငါ နှုံးနေသလိုဘဲ Joon... ဘယ်လောက်တောင် အိပ်လိုက်တာလဲ? "

" မနေ့ညကတည်းက... Bin က အနာကျက်ဆေးနဲ့ Hyung ကောင်းကောင်း အိပ်ပျော်အောင် အိပ်ဆေးပါ တိုက်သွားတာ ဖြစ်မယ် "

Hybrid But Demon Where stories live. Discover now