Hybrid 3 (U+Z)

960 115 3
                                    

Kim Seokjin တစ်ယောက် ညကလည်း အိပ်မပျော်သလို မနက်ကျတော့လည်း စောစောနိုးနေသည်။ သူစိမ်းတစ်ယောက်လုံး အိမ်မှာ ရှိနေတာတောင် ကောင်းကောင်း အိပ်ပျော်လောက်တဲ့အထိ Seokjin အကြောက်တရား မကင်းမဲ့သေး၊

ပြီးတော့ အဲ့ဒီ သူစိမ်းကြီးက HYBRID ကြီးလေ!

" ဒီအချိန်ဆို အလုပ်သမားတွေ ရောက်ပြီထင်တယ် "

ပြောပြောဆိုဆိုနှင့် သူအိမ်အောက်ထပ်သို့ အတွေးများစွာနှင့် ဆင်းလာလိုက်သည်။ မနက်စာကို Hybrid နဲ့တူတူစားရင်း သိချင်နေသည့် သူ့အကြောင်းတွေကိုလည်း မေးကြည့်ရမည်။ တွေးရင်း သူ့အခန်းဆီသို့ အကြည့်ပို့မိစဥ်...

" ရပ်!!!!!! မဖွင့်နဲ့!!!! အဲ့တံခါးကို မဖွင့်နဲ့ "

အလုပ်သမားတစ်ချို့က အခန်းလက်ကိုင်တံခါးဆီ လက်လှမ်းနေတာကြောင့် သူ အလောတကြီး အော်လိုက်မိသည်။ အထဲကကောင်ကို တွေ့သွားတာ အကြောင်းမဟုတ်ပေမယ့် နားရွက်တွေ အမြီးတွေ ထွက်နေတာ တွေ့သွားရင် ဒုက္ခ...

" ဟုတ်-ဟုတ်ကဲ့ Boss "

ကြောင်တောင်တောင်နှင့် အလုပ်သမားတွေကို လျစ်လျူကာ ထိုနေရာမှ ကျောခိုင်းကာ ထွက်သွားချင်ပေမယ့်လည်း စိတ်မချတာကြောင့် တည့်တည့်မြင်နေရသော ဧည့်ခန်းမှ ထိုင်ကာ ထိုအခန်းကိုသာ မျက်စိဒေါက်ထောက် ကြည့်နေလိုက်တော့သည်။

* အထဲက ကောင်က နိုးမှာမဟုတ်ဘူး.. အခန်းက အသံလုံခန်းဆိုတော့ ဘာသံမှမဝင် *

-----------------------------------

အလုပ်သမားတွေ ပြန်သွားပြီး Deliver က Pizza နှင့် Cola တွေ လာပို့သွားတာတောင် Joon Hybrid က မနိုးသေး။ မနက်စာ စားဖို့ ထိုင်စောင့်နေရင်း သိချင်စိတ်ကလည်း ပြင်းပြလာသည်မို့ သွားနှိုးရန်သာ ဆုံးဖြတ်လိုက်တော့သည်။

အခန်းတံခါးစီ ဖြည်းဖြည်းကပ်သွားကာ လက်ကိုင်ဘုကို လှည့်လိုက်ရင်း အခန်းထဲ ချောင်းကြည့်မိတော့ အပေါ်ပိုင်းဗလာနှင့် မှောက်လျက်အိပ်နေသော Joon Hybrid, ကျောမှာလည်း ဒဏ်ရာတွေက မနည်း...

တစ်ချို့ဆို လောလောလတ်လတ် ထိလာသည်နှင့် တူသည်။ သွေးတွေပင် စို့နေသေးသည်၊ Gangstar ဖြစ်တဲ့သူက သေနတ်ကိုသာ သုံးပြီး သိပ်မတိုက်ခိုက်တာကြောင့် သူ့ကိုယ်ပေါ်တွင် ဒဏ်ရာဟူ၍ ကြီးကြီးမားမား မရှိ...

Hybrid But Demon Where stories live. Discover now