Hybrid 2 (U+Z)

1.1K 138 9
                                    

" ခပ်ပြင်းပြင်းလေး တစ်လုံး လာပို့ပေး "

ဒီနေ့က Omma နှစ်ပတ်လည်မှန်း သိပေမယ့်လည်း Seokjin သောက်နေမိပြန်သည်။ မနက်တုန်းက Appa နဲ့ ရန်ဖြစ်ထားတာရော၊ ရန်ဖြစ်ပြီးတိုင်း Omma ကိုလွမ်းတာကြောင့်ရော၊ ဒီအရက်တွေကသာ သူ့အဖော်ဖြစ်နေသည်။

သူနဲ့ သိတဲ့လူ ဘယ်သူ့ကိုမဆို မတွေ့ချင်တာကြောင့် သူပိုင်တဲ့ Club မှာတောင် မသောက်ဘဲ၊ မြို့ပြင်နည်းနည်းကျသည့် Bar တွင် တစ်ယောက်တည်း လာထိုင်နေမိသည်။ မီးရောင်စုံတွေနဲ့ ဆူညံနေပေမယ့် ဘယ်သူ့ကိုမှ မသိတာမို့ စိတ်သက်သာသလို...

" အော်! တစ်နေ့တုန်းက အရှုံးသမားဘဲ "

အရက်က ပါးစပ်ထဲ ဘယ်လောက်မှ မဝင်သေး၍ ရီသဲ့သဲ့ အပြောတွေကို အတိုင်းသားကြားနေရသည်။ သူမော့ကြည့်လိုက်တော့ လက်နက်ဝယ်တုန်းက ပါလာတဲ့ ဂျပုအဖွဲ့ကကောင်တွေ... Seokjin ၏ နှုတ်ခမ်းတစ်ဖက်မှာ အလိုလိုကွေးတက်သွားသည်။

" ဟက်! ခွေးက လူပြန်ဟစ်လို့... "

ငြိမ်နေပြီး သည်းခံနေမယ့်အထဲ Kim Seokjin တို့မပါ။ အမြဲဆောင်ထားတတ်သည့် လက်နက်တွေ မပါသော်လည်း မဖြုံသော မျက်နှာထားနှင့် သူပြန်ပြောသည်။ ဒါကို ထိုကောင်တွေက ရှုးရှုးရှားရှား ဖြစ်ကာ ဒေါသထွက်လာပြီး...

" ဟျောင့် GAY!! မင်းလိုလူကလည်း ဒီလို Bar မှာ အရက် လာသောက်တတ်တာဘဲလား? "

" Gay!? ဟားးး မင်းတို့က ငါ့ရုပ်ရည်မှာ ကြွေဆင်းနေကြတာဘဲ? "

တစ်စက်မှ မခံစွာ အခွန်းတိုင်းကို Seokjin ပြန်ပြောသည်။ သူတို့ဘက်က အုပ်စုနဲ့မို့ သတိကြီးကြီးထားပြီး မျက်လုံးကလည်း အယောက်စေ့ကို အလျင်နှင့် လိုက်ကြည့်နေရသည်။ တစ်ခုခုဖြစ်ခဲ့ရင် တစ်ယောက်တည်း ဖြစ်တဲ့ ကိုယ်က ခံရမှာကိုး။

" မင်းရုပ်ရည်!? ခွေးကျွေးလို့တောင် မစားတဲ့ ရုပ်ရည်ကို ကြွေဆင်းရမယ်တဲ့လား? "

သူတို့ထဲက တစ်ယောက်က မျက်နှာနားကိုကပ်ကာ ဖြတ်ကန်ချင်စရာ အခွက်နှင့် လာပြောသောကြောင့် Seokjin မတ်တပ်ရပ်လိုက်ပြီး သူတို့ထပ် မြင့်မားနေသော အရပ်နှင့် အကုန်လုံးကို အပေါ်စီးမှ ကြည့်လိုက်သည်။

Hybrid But Demon Where stories live. Discover now