Hybrid 15 (U+Z)

555 85 19
                                    

" တာဝန်ကျေခဲ့ရဲ့လား Jack!? "

" ဟုတ်ကဲ့ ကျေတာထပ်ကို ပိုခဲ့ပါတယ် သခင်လေး "

အလင်းရောင်သဲ့သဲ့သာ ရှိသော တောနက်တစ်နေရာတွင် လျှို့ဝှက်စွာ တွေ့ဆုံနေသော လူတစ်စု၊ အတိအကျ ပြောရမည်ဆိုလျှင် တစ်ဖက်မှ လူငါးယောက်နှင့် တစ်ဖက်က လူတစ်ယောက်။ သို့သော် လူ စင်စစ်တော့ မဟုတ်ကြ...

" ဟားးးဟားးးး နောက်နည်းနည်းသာ ဆိုရင် Kim Namjoon ဆိုတဲ့ကောင်ကို သတ်ပြီး Jimin က ငါ့အပိုင်ဖြစ်ပြီကွ! အဲ့ဒီအခါကျရင် မင်းကို ငါဆုချီး​​မြှင့်မယ် Jack! "

လျှို့ဝှက်တွေ့ဆုံသည် ဆိုသည့် စကားစုနှင့် ဆန့်ကျင်စွာ ထိုသခင်လေးဆိုသော လူက ဘာကိုမျှ ဂရုမစိုက်ပါဘဲ ကျယ်လောင်စွာ အော်ရီလျက်၊ ထိုလူရှေ့တွင် ဒူးထောက်ထားသော Jack မှာလည်း ကျေနပ်အားရစွာနှင့်...

" ကျွန်တော့်ကို လူသားတွေ နေတဲ့နေရာထဲ အချိန်ကြာမြင့်စွာ ပို့လွှတ်ခဲ့တဲ့ သခင်လေးရဲ့ ကျေးဇူးကြောင့်ပါဘဲ... "

" ဒါပေါ့... လူတွေနေတဲ့နေရာကို မသွားရဘူးဆိုတဲ့ မျိုးနွယ်စု စည်းကမ်းကို ဖောက်ပြီး ပို့လွှတ်ခဲ့တဲ့ ငါက ဘယ်လောက်တော်လိုက်သလဲ? စွန့်စားရခြင်းက တစ်ချိန်ချိန်တော့ အသုံးဝင်လာတာဘဲ... "

" ဒါဆို အဲ့ဒီနေ့ကျရင် အကြီးအကဲကို ဘယ်လိုပြောပြီး လူသားတွေ နေတဲ့နေရာကို ထွက်လာမှာလဲ သခင်လေး? "

Jack ၏ စကားအဆုံး သခင်လေးဆိုသော လူမှာ ရီနေရာက ရပ်လိုက်ပြီး ဆံပင်ကို တစ်ချက် သပ်တင် လိုက်သည်။ သခင်လေးဆီက ထွက်လာမယ့် စကားကိုတော့ Jack အပါအဝင် ကျန်သည့်လေးယောက်ကပါ စောင့်စားလျက်...

" ဒါကို မင်းစိတ်ပူစရာ မလိုဘူး Jack! ခေါင်းဆောင်ကိုတောင် Kim Namjoon နာမည်ခံပြီး လုပ်ကြံခဲ့တဲ့ငါက အကြီးအကဲဖြစ်တဲ့ Appa ကို ကြောက်နေရင် ဒီနေရာကိုတောင် မရောက်လာနိုင်ဘူး "

ထိုသို့ပြောပြီး သူတစ်ချက်ပြုံးလိုက်သည်။ သူ၏ အဓိကရည်ရွယ်က ခေါင်းဆောင်နေရာ မဟုတ်ပါဘဲ မျိုးနွယ်စု၏ အချစ်ခံဖြစ်သော Kim Namjoon ကို သတ်ကာ Park Jimin ကို သူ့အပိုင်အဖြစ် တံဆိပ်ခတ်မလို့ပင်...

Hybrid But Demon Where stories live. Discover now