Hybrid 8 (U+Z)

730 104 23
                                    

" Jin Hyung~ "

မီးဖိုခန်းထဲမှ ထွက်လာလာချင်း ကြားလိုက်ရသော အသံကြောင့် Seokjin မှာ ပန်ကိတ်ကို စားပွဲပေါ် နေရာချနေရင်းမှ အပျော်လုံး ဆို့သွားသည်။ ဒါ သတင်းကောင်းတွေ ယူလာပေးမဲ့ နှစ်ယောက်မရှိသော Hoseokie လေးလေ...

" Hoseok-ah~ "

အပြင်ထွက်ပြီး ပြေးခေါ်တာတောင် Jung Hoseok တို့များ မျက်နှာက တည်တင်းနေသေးသည်။ သိတာပေါ့... သူ မလုပ်ချင်တာ လုပ်ခဲ့ရလို့ စိတ်ကောက်နေမှန်း၊ ဒါပေမယ့်လည်း မတတ်နိုင်၊ အဓိက က အဓိက မို့...

" Aigoo~ ငါတို့ Hobi လေးက နောက်ဆုံးတော့ အိမ်ရောက်လာပြီဘဲ... "

ချွတ်လက်စ အေပရွန်ကို ဘေးသို့ပစ်လွှတ်လိုက်ပြီး မျက်နှာလွှဲကာ စိတ်ကောက်နေသော Hoseok နားကို အင့်ခနဲနေအောင် ကပ်ထိုင်လိုက်သည်။ ဒီလို အချိန်မျိုးက မျက်နှာချိုသွေးထားရမယ့် အချိန်မှန်း Seokjin ကောင်းကောင်းကြီး သိသည်လေ...

" Hyung ကျွန်တော် စိတ်ဆိုးနေတာနော်! "

Seokjin ၏ လိုချင်တာ ရတော့မည့် အပြုံးကြီးနှင့် မျက်နှာကို တွေ့တော့ Hoseok က မကျေနပ်စွာ ပြောသည်။ သူ့မှာတော့ မလိုချင်တာကို ကတိကဝတ်တွေနဲ့ အလဲအထပ် လုပ်ခဲ့ရသလောက် Jin Hyung ကတော့ အလိုက်ကိုမသိ...

" အေးပါ Hoseokie လေး စိတ်ဆိုးရင် နောက်မှ ချော့မယ်လေ... အခု Hyung ပြောထားတဲ့ ကိစ္စလေး လက်ခံတယ်မလား? "

Jin Hyung ၏ စကားအဆုံး Hoseok မှာ တစ်ခုခုပြောရန် ပြင်လိုက်သော်ငြား မျက်လုံးထောင့်နားက တွေ့နေရတဲ့ လူကြောင့်...

" လက်ခံ၊ မခံကို ကျွန်တော်တို့ နှစ်ယောက်ထဲ ပြောချင်တယ် Hyung "

ခြံဝကတည်းက မျက်နှာပိုးမသေသော အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် လူကို Hoseok ပညာပေးချင်၍ တမင်သက်သက် အကွက်ဆင်လိုက်ခြင်း...။ Jin Hyung ကို ဘာမှလုပ်မရ၍ ထိုလူကို မဲခြင်းဆိုလည်း ဟုတ်လိမ့်မည်။

" Joon... ငါ အနောက်မှာ အကုန်လုပ်ထားပြီးပြီ၊ သန့်ရှင်းရေးဘဲ ကျန်တော့တယ်၊ မင်းအရင်လုပ်ထားနှင့် ငါလိုက်လာခဲ့မယ်... "

အခုချိန်တွင် မောင်မင်းကြီးသား Hoseok ၏ စိတ်တိုင်းကျပေမို့ Seokjin မှာ Joon ကို အနောက်လွှတ်လိုက်သည်။ တကယ်တမ်း ဘာမှ ဆေးစရာမရှိ၊ ထပ်သိမ်းနေရမှာစိုး၍ အကုန်လုပ်ပြီးမှ သူထွက်ခဲ့ခြင်း...

Hybrid But Demon Where stories live. Discover now