Hybrid 5 (U+Z)

806 99 10
                                    

အချိန်အားဖြင့် 1 လနီးပါး ကြာခဲ့လေပြီ...

Joon ၏ အစီအစဥ်ကို အစတုန်းက သိပ်သဘောမကျခဲ့သော်လည်း ယခုတော့ ပိုက်ဆံတွေ အလုံးလိုက် အရင်းလိုက် ဝင်လာတာကြောင့် အရာအားလုံးသည် Seokjin မျှော်လင့်ထားတဲ့အတိုင်း အဆင်ပြေချောမွေ့ခဲ့သည်။

" Joon ရေ.... ထမင်းစား- "

" ကျွန်တော် ဒီမှာလေ Boss "

ခေါ်လိုက်တာနှင့် ချက်ချင်း အနားကို လှစ်ခနဲ ရောက်လာသော Joon, ဒီအတောအတွင်း Joon အပေါ် ယုံကြည်မှုသာမက ရင်းနှီးမှုပါ တိုးလာပြီး ခံစားချက် အချို့လည်း ရှိနေသည်ဟု Seokjin ထင်မိသည်။

" ဘာဝိုင်းလုပ်ပေးရမလဲ? "

အလိုက်တသိနှင့် Joon က မေးတော့ သူ ခေါင်းလေးသာ ခါပြမိသည်။ Boss ဟု ခေါ်နေရုံကလွဲလျှင် သူတို့နှစ်ယောက် ဆက်ဆံရေးက ဆရာ၊တပည့် ဆက်ဆံရေးထက် ကျော်လွန်နေမှန်း နှစ်ယောက်လုံး သိကြသည်လေ...

" Joon ဒီည လက်နက်လှယ်ဖို့ ရှိတယ်နော် "

" ဟုတ် Boss ကျွန်တော် ပြင်ဆင်ထားပြီပါပြီ "

အားကိုးရသော Joon အား သဘောကျမိတာ မဆန်း၊ အလိုက်လည်းသိသလို၊ ဂရုလည်း စိုက်တတ်သောကြောင့် ရင်ခုန်မှုတချို့က ယိုဖိမ့်လျက်၊ သို့ပေမယ့် Seokjin က မဖော်ပြတာမို့ ထိုယိုဖိမ့်မှုက Joon ဆီတော့ ရောက်မယ်မထင်...

" ပေးရမဲ့ဘက်ကို စိတ်မပူရပေမယ့် ယူရမဲ့ဘက်ကို စိတ်ပူရမယ် Joon, ဟိုဘက်ကို အရင်ပေးနိုင်တဲ့ လူက စျေးများများပိုရမှာကြောင့် ဂျပုအဖွဲ့က ကြားကဖြတ်လုနိုင်တယ်... "

သူ့စကားအဆုံး Joon က ခေါင်းတငြိမ့်ငြိမ့်နှင့် စဥ်းစားနေသလို။ အိမ်မှာနေလျှင် သက်တောင့်သက်သာဖြစ်အောင် Puppy နားရွက်လေးနဲ့ နေတတ်တာကြောင့် ထမင်းသေချာဝါးနေသော Joon ပုံစံက ချစ်စရာ ကောင်းနေသည်။

" ကျွန်တော် သတိထားပါ့မယ် Boss မဟုတ်ရင် Boss ကနေခဲ့ပြီး ကျွန်တော်ဘဲ သွားလိုက်ရမလား? "

အတူနေတာ ကြာလာတာနှင့်အမျှ လုပ်ချင်တာ လုပ်နိုင်လွန်းသော Seokjin အကျင့်ကြောင့် အန္တရာယ် ကင်းရေးအတွက် Joon အရဲစွန့်ကာ ပြောမိသည်။ သူမရှိသည့် အချိန်တုန်းက ဒီလိုကိစ္စမျိုးကို ဘယ်လိုဦးဆောင်ခဲ့သလဲ ဆိုတာ မစဥ်းစားနိုင်အောင်ပင်...

Hybrid But Demon Where stories live. Discover now