" Boss! ဧည့်သည် တစ်ယောက်က တွေ့ချင်လို့တဲ့ "
Club အတွက် လိုအပ်သည့် ပစ္စည်းစာရင်းတွေကို စားပွဲခုံပေါ်တွင် နှစ်ယောက်အတူ စစ်နေရင်းမှ တံခါးလေးကို အသာဖွင့်ကာ ခေါင်းလေးသာ ပြူရင်း ပြောလာသော Bin ကြောင့် Namjoon မှာ Seokjin ကို လှည့်ကြည့်လိုက်သည်။
" အေး ဝင်လာခိုင်းလိုက်လေ! "
" သူက Boss နဲ့ နှစ်ယောက်တည်း တွေ့ချင်တာတဲ့၊ အရေးတကြီး ပြောစရာရှိတယ် ပြောတယ် "
Bin ၏ ပြောစကားကြောင့် Seokjin မှာ မျက်မှောင်ကုပ် လိုက်မိသည်။ ဘယ်သူကများ Club အထိလာပြီး အရေးတကြီးနှင့် နှစ်ယောက်တည်း တွေ့ချင်ရသနည်း? စိတ်ထဲ မရေမရာ ဖြစ်လာတာမို့ Bin ကို မော့ကြည့်လိုက်ပြီး...
" ဘယ်သူမို့လို့လဲ!? မင်းတွေ့ဖူးတဲ့ လူလား? "
" ကျွန်တော်လား? မတွေ့ဖူးဘူး Boss "
Bin အား ပြန်လည် မေးမြန်းနေသော Seokjin ကြောင့် Namjoon မှာ အလိုက်တသိနှင့် ထွက်သွားပေးရန် ပြင်လိုက်သည်။ မဟုတ်လည်း မင်လေးနှင့် ထပ်တွေ့ဖို့ ချိန်းထားတာကြောင့် အခုတော့ အခါအခွင့် သင့်သွားလေပြီ။
" ဒါဆို ကျွန်တော် အပြင်မှာ အခြေအနေ လိုက်ကြည့်လိုက်ဦးမယ် Hyung... "
ထိုတစ်ခွန်းသာ ပြောပြီး ထွက်သွားသော Joon ၏ နောက်ကျောကို Seokjin မှာ ထိုအတိုင်းသာ ငေးကြည့်နေမိသည်။ ဘယ်သူမှန်း မသိရသေးတဲ့လူနဲ့ နှစ်ယောက်တည်း တွေ့မှာကိုတောင် မင်းစိတ်ချသွားရက်သလား Joon...?
" ကျွန်တော် Joon Hyung နောက် လိုက်ကြည့်လိုက်ရမလား Boss!? "
Seokjin ငြိမ်ကျသွားသည်ကို သတိထားမိသော Bin က လက်ညိုးလေးညွှန်ကာ အလိုက်သိစွာ မေးတော့ Soekjin မှာ ခေါင်းသာ ခါပြလိုက်သည်။ Joon ကို သူယုံတာမို့ Joon က မရှင်းပြမချင်း သံသယစိတ်တွေနဲ့ မချုပ်နှောင်ချင်...
" ရတယ် Bin... ဧည့်သည်ကိုသာ သွားခေါ်လာခဲ့ "
ခေါင်းငြိမ့်ပြပြီး ထွက်သွားသော Bin ကို ကြည့်နေရင်း Seokjin ရင်ထဲမှာ တင်းကြပ်လာခဲ့သည်။ အရာအားလုံးကို အဆင်ပြေပြေ ကျော်သွားနိုင်အောင် သည်းခံထားပါသော်လည်း ထိုအကြောင်း စဉ်းစားလိုက်ရုံနှင့်ကို အဆင်မပြေ...
YOU ARE READING
Hybrid But Demon