Hybrid 9 (U+Z)

715 101 29
                                    

" အဆင်သင့်ဖြစ်ပါပြီ Boss! "

" ဟုတ်ပြီ အမှားမရှိစေနဲ့... "

ယနေ့ညသည် ဂျပုတို့အဖွဲ့ လက်နက်ဝယ်ကြမည်ဟု သတင်းရထားသောကြောင့် Seokjin မှာ မကျေပွဲ နွှဲပြီး ဖြတ်လုရန် ပြင်ဆင်ထားသည်။ Seokjin လက်နက်တွေ တစ်ခါပါသွားဖူးတာကြောင့် သူ့မှာ အခုထိ မကျေနပ်နိုင်သေး...

" ဒီမှာ ပိုက်ဆံတွေ Hyung "

ပိုက်ဆံကိစ္စစီစဥ်သည့် MinJ ကလည်း ယခုထိ ဆေးရုံက မဆင်းရသေးသောကြောင့် Bin ၏ အကြံပေးချက်နှင့် အညီ Joon က ဘဏ်တွင် ပိုက်ဆံကို တစ်ရက်ကြိုထုတ်ထားသည်။ အကုန်လုံး အဆင်သင့် ဖြစ်ချိန်မှာတော့...

" ကဲ အားလုံး နားထောင်မယ်... ငါတို့လူက 10 ယောက်ဘဲ သွားမှာ၊ ဟိုဘက်မှာ 10 ယောက်ကျော်လိမ့်မယ်... သူတို့ဘက်က အသာတကြည်မပေးရင် ပွဲဖြစ်နိုင်တာမို့ ကိုယ့်လူကို ဂရုစိုက်ကြ! "

ထို့နောက် Seokjin မှာ အသင့်ဖြစ်နေကြသည့် သူ့လူတွေ အကုန်လုံးကို ဝေ့ကြည့်လိုက်ပြီး ခါးကြားထိုးထားသည့် သေနတ်တိုကို မြှောက်ပြလိုက်ကာ...

" ငါတို့ဘက်က တစ်ယောက်ထိတာနဲ့ ပွဲဖြစ်ပြီဘဲ... မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံးချင်းမို့ မင်းတို့ဘက်က တစ်ယောက်မှ မထိစေနဲ့... နားလည်လား!? "

" ဟုတ်ကဲ့ Boss!!! "

" ဒါဆို သွားမယ် "

အာဏာအပြည့်ပါသော အသံနှင့် ပြောကာ ကားပေါ်တက်သွားသော Seokjin ကိုကြည့်ပြီး Joon မှာ ခပ်ပြုံးပြုံးလေး စဥ်းစားမိသည်။ ဒါ ဟိုနေ့က သူထွက်သွားမယ်ဆိုလို့ သူ့ရင်ခွင်မှာ အားရပါးရ ငိုခဲ့တဲ့ ကောင်လေးမှ ဟုတ်ပါရဲ့လား...?

-----------------------------------

" မင်းတို့နဲ့ မဆိုင်တဲ့ ကိစ္စကို ဝင်မရှုပ်စမ်းနဲ့!!!! "

ဒေါသတကြီးနှင့် အံကြိတ်ကာ ပြောသော Shoonwoo အသံသည် သူတို့အတွက်တော့ နည်းနည်းမှ ကြောက်ဖို့ကောင်းမနေ။ Joon တစ်ချက်ကြည့်ရင် ဒူးတုန်နေတဲ့ ကောင်ကများ!? Seokjin မှာ ခပ်ဟဟ တစ်ချက်ရီရင်း...

" ဟ့! ငါတို့နဲ့ မဆိုင်တဲ့ကိစ္စ!? မင်းလည်း တစ်သက်လုံး ငါ့ဆီက လုဖို့ကြိုးစားခဲ့တာဘဲ၊ ဘာလဲ? ငါကကျ ပြန်လုလို့ မရဘူးပေါ့လေ... "

Hybrid But Demon Where stories live. Discover now