Hybrid 12 (U+Z)

582 88 17
                                    

ကျယ်ဝန်းလှပြီး တိတ်ဆိတ်နေသော ဟောခန်းမကျယ်ကြီးထဲတွင် မျက်မှောင်ကုပ်၍ စိတ်ရှုပ်နေဟန်ရှိသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် ထိုလူကြီးကို အာပေါက်မတတ် ရှင်းပြနေသော လူငယ်တစ်ယောက်...

" ကျွန်တော့်ကို ယုံပေးပါ အကြီးအကဲ! ခေါင်းဆောင်ကို လုပ်ကြံတာ ကျွန်တော်မဟုတ်ရပါဘူး "

" မင်းမဟုတ်ရင် ဘယ်သူလဲ Namjoon!? မင်းမှာ ​ပြနိုင်စရာ ဘာသက်သေရှိလဲ...? "

ထိုစကားကြားတော့ Namjoon ခေါ် (တစ်နည်း) Joon မှာ ပြောစရာ မရှိ၍ အံကြိတ်ကာ တိတ်ဆိတ်သွားမိသည်။ သူ တကယ် မလုပ်ကြံပါသော်လည်း သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေဟူ၍မရှိ...

" အဲ့ဒီနေ့တုန်းက ခေါင်းဆောင်အနားမှာ မင်းက လွဲရင် ဘယ်သူမှ မရှိဘူးလေ... ကိုယ်ရံတော် ခေါင်းဆောင် Kim Namjoon ဆိုပြီး မျိုးနွယ်စုမှာ နာမည်ကြီးတဲ့မင်းက ဒီအမှုကို လွယ်လွယ်နဲ့ ကျော်သွားလို့ရမယ်ထင်လား?
.
လုပ်ကြံခံရတဲ့သူက မျိုးနွယ်စုရဲ့ ခေါင်းဆောင်နော် Kim Namjoon! မင်းမသတ်ဘူးဆိုတာ ငါယုံရင်တောင် တခြား ဘယ်သူက ယုံမှာတဲ့လဲ? အခြားတစ်ယောက်ယုံပြီ ထားပါဦး၊ သက်သေကရော? မင်းမှာ ရွေးချယ်စရာက ဝန်ခံတာကလွဲပြီး မရှိဘူး "

အကြီးအကဲ၏ တာဝန်မဲ့လွန်းသော စကားကြောင့် မတ်တပ်ရပ်နေသော Namjoon မှာ စိတ်ပျက်စွာ စုပ်သပ်လိုက်ပြီး လက်သီးဆုပ်မိသည်။ ကိုယ်ရံတော် ခေါင်းဆောင်လုပ်ပေးဖို့ တောင်းဆိုခဲ့တုန်းက ဒီမျက်ခွက်၊ ဒီအချိုးမျိုးတွေ မဟုတ်...

ပျော့ညံလွန်းပြီး စွမ်းဆောင်နိုင်စွမ်း မရှိသည့် ခေါင်းဆောင်ကို ကာကွယ်ဖို့ မျိုးနွယ်စု တစ်ခုလုံးတွင် အင်အားအကြီးဆုံး ဖြစ်သော Namjoon က ဒီတာဝန်ကြီးကို မယူချင်ဘဲနဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ယူခဲ့ရသည်။ 

" ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ အကြီးအကဲ! ကျွန်တော် မသတ်ပါဘူး ဆိုတာကို သက်သေပြနိုင်အောင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ? "

" မင်း အဖမ်းခံလိုက်! "

" ဗျာ!!! "

အကြီးအကဲဆီက ဒီလိုစကား ထွက်လာလိမ့်မယ် မထင်တာကြောင့် Namjoon တုန်လှုပ်သွားမိသည်။ အဖမ်းခံရမှာကြောင့် တုန်လှုပ်တာမဟုတ်ဘဲ သူ့မှာ ရစ်ပတ်နေ​သေးသည့် တစ်ချောင်းတည်းသော သံယောဇဥ်ကြောင့်...

Hybrid But Demon Where stories live. Discover now