Hybrid 11 (U+Z)

635 81 17
                                    

" Hyung အဆင်ပြေပါ့မလား၊ ဒီတိုင်း Hyung က အိမ်မှာနေခဲ့ပြီး ကျွန်တော်ဘဲ သွားလို့မဖြစ်ဘူးလား? "

ကုတင်ပေါ် ထိုင်နေသော Seokjin ၏ လက်သွယ်သွယ်တွေကို ဆုပ်ကိုင်ကာ ပြောနေသော Joon, နားရွက်ထောင်ထောင် နှစ်ဖက်နှင့် သူ့ကို မော့ကြည့်နေသော အရည်လဲ့လဲ့ မျက်ဝန်းတွေက ရှိသမျှအကုန် ပေးပစ်ချင်စရာ...

" ဘာဖြစ်လို့လဲ Joon ရယ်... ခါတိုင်းလည်း သွားနေကြဘဲကို၊ ငါ့ကို ပျော့ညံအောင် လုပ်နေတာလား? "

ပြန်လည်ချေပလာသော Seokjin စကားကြောင့် Joon မှာ ပြန်ပြောစရာ စကားမရှိတော့ရင်း သက်ပြင်းချကာ အကြံအိုက်သွားရသည်။ ဓားနှင့် ရှပ်ထိထားတဲ့ ဒဏ်ရာက အရှင်းမပျောက်သေးတာမို့ Club ကို မသွားစေချင်...

" ငါ ဘာမှမလုပ်ဘဲ ထိုင်နေပါ့မယ်၊ မရဘူးလားဟင်? "

သို့သော် Hyung က အတင်းသွားချင်နေတာမို့ သူ့မှာ တားနိုင်စွမ်းလည်းမရှိ၊ Club ကို သွားပြီး ဘာလုပ်မှာလဲ? ဖြစ်နိုင်ရင် အင်္ကျီအိတ်ထဲဘဲ ထည့်ပြီး သိမ်းထားချင်တာကို ಥ_ಥ! (ဒါကတော့ သူ့အတွေးသက်သက်...)

" ထားပါတော့... Hyung သွားချင်တယ် ဆိုရင်လည်း သွား၊ ဒါပေမယ့် အခန်းထဲမှာဘဲ နေရမှာနော် "

Seokjin ခေါင်းငြိမ့်ပြလိုက်သည်။ ဂျပုအဖွဲ့နှင့် ကိစ္စ ရှင်းရဦးမှာမို့ Club ကို မသွားလို့မဖြစ်။ Joon ၏ မူလပုံစံ တွေ့ဖူးထားတဲ့ သူတိုင်းကို စိတ်ချရအောင် နှုတ်ပိတ်ဖို့လည်း ဆန္ဒရှိတာမို့ မြန်မြန် အကောင်အထည် ဖော်မှ ဖြစ်မည်။

နောက်ဆုံးတော့ သူ့မှာလည်း ကာကွယ်ပေးချင်တဲ့သူ ရှိလာခဲ့ပြီ...

-----------------------------------

မီးရောင်စုံတွေကြားထဲ လူပေါင်းစုံနှင့် စည်ကားနေသော နေရာသည် Seokjin ၏ အလုပ်နေရာပင်...

အရင်တုန်းက ဒီလူတွေရဲ့ လေးပုံတစ်ပုံသာ ရှိခဲ့သော နာမည်မရသည့် Club လေးသည် ယခုတော့ Joon ၏ ကြိုးစားအားထုတ်မှုကြောင့် နယ်ပယ်အသီးသီးက လူတွေ၏ စိတ်ဝင်စားခြင်းကို ရရှိထားသည်။

Joon တစ်ယောက်ကတော့ ခါတိုင်းနေ့တွေနှင့် တူညီစွာ အရှေ့ကသွားနေသော Seokjin နောက်သို့ ကပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားကာ သူ့အပိုင်လေး ကာကွယ်​နေသည့်အတိုင်း အကြည့်စူးစူးတွေနှင့် လိုက်ကြည့်လျက် ရှိသည်။

Hybrid But Demon Where stories live. Discover now