Unicode
"ပြော.."
ရာဝဏ၏ စကားသံ အဆုံးတွင် ဒူးထောက်နေသော သုံ့ပန်းသည် ခေါင်းကို လှန်ချပြီး အော်ဟစ်လိုက်သည်။ အဝတ်စများဖြင့် စည်းနှောင်ခံထားရသော ပါးစပ်ကမူ အသံကျယ်ကျယ် မထွက်နိုင်ပါချေ။ သုံ့ပန်းသည် လက်ချောင်းလေးများ အားလုံး ခုတ်ဖြတ်ခံလိုက်ရသော ဘယ်လက်ကိုကြည့်ရင်း နာကျင်မှုကြောင့် တုန်ခါနေသည်။
"အမတ်ကြီး သွေးတွေ အရမ်းထွက်နေရင် သူသေသွားလိမ့်မယ်" ကိုယ်ရံတော် က ရာဝဏကို ခပ်တိုးတိုး သတိပေးသော်လည်း ရာဝဏသည် အရေးလုပ် မနေ။ ရာဝဏသည် မကောင်းဆိုးဝါး ပူးကပ်နေသော သားရဲတစ်ကောင်လို ကြောက်စရာ ကောင်းနေသည်။
"ပြော" ရာဝဏသည် သုံ့ပန်း ပါးစပ်ကို ပိတ်ထားသော အဝတ်ကို ဖယ်ထုတ်လိုက်သည်။ " အနုက္ခရာမင်းသားကို ဖမ်းထားတဲ့ အယုဒ္ဓယတပ် ဘယ်လမ်းကြောင်းက သွားမလဲ"
သုံ့ပန်းသည် တုန်ယင်နေသော်လည်း မာနကြီးစွာပင် ပါးစပ်ကို တင်းတင်းစေ့ထားသည်။ ထိုသူသည် စိတ်ပျက်စရာကောင်းအောင် ခေါင်းမာလေသည်။
"ညဦးယံပဲ ရှိသေးတယ်။ ငါတို့မှာ အချိန်တွေ အများကြီးကို ရှိတယ်။" ရာဝဏသည် သုံ့ပန်း၏ လက်ကို တင်ထားသော သစ်ငုတ်တို ပေါ်သို့ ခြေထောက်တစ်ဖက်တင်လိုက်သည်။ "ဘက်လက်က လက်ချောင်းလေးတွေ ကုန်ရင် ညာဘက်လက်က လက်ချောင်းလေးတွေ ကျန်သေးတာပဲ"
"သတ်ပစ်လိုက်။" သုံ့ပန်းက တိုးတိုးရေရွတ်လိုက်သည်။ "စစ်သည် အဖို့ သေဆုံးခြင်းဟာ ဂုဏ်မမဲ့ဘူး"
ရာဝဏသည် ထိုစကားကိုကြားသော အခါ ခေါင်းကို မော့ကာ ဟားတိုက်ရယ်မောလိုက်သည်။
"သတ်ရမယ် ဟုတ်လား" ရာဝဏ ၏ ကြောက်မက်ဖွယ် အေးစက်နေသော မျက်နှာသည် သုံ့ပန်း အနီးသို့ တိုးသွားသည်။ "သတ်မှာပေါ့။ မင်း သေရမှာ"
"ပြီးရင် အယုဒ္ဓယမှာ ငါ ပြန်ပြောမလဲ သိလား။ " ရာဝဏသည် သတိလွတ်လုနီးပါး ဖြစ်နေသော သုံ့ပန်းကို ခြေဖြင့်ကန်ပြီး သတိပြန်ဝင်အောင် လုပ်လိုက်သည်။ "မင်းက အယုဒ္ဓယ တပ်ရဲ့ သတင်းတွေကို ငါ့ဆီရောင်းစားခဲ့တယ်လို့ သတင်းလွှင့်ပစ်မယ်။ တိုင်းပြည်ကို သစ္စာ ဖောက်ပြီး မင်းငါ့ဆီက ရွှေတွေ ယူသွားတယ်လို့ မင်းရဲ့ သခင် ရဲ့ နားထဲကို ထည့်ပစ်မယ်။"
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...