Unicode
မြစ်တစ်ဖက်ကမ်းမှ နီစွေးစွေးရောင်ခြည်တန်းများ ဖြာထွက်လာချေပြီ.. ဗြသဝန်တစ်ယောက် သစ်ပင် ပင်စည်ကို ခေါင်းမှီရင်း ဟံသာဝတီ၏ အလှဆုံးမြင်ကွင်း ဆိုသည်ကို ကြည့်နေမိသည်။
သူဒီကိုရောက်နေတာ ဒီမြင်ကွင်းကို ကြည့်ဖို့တော့ မဟုတ်... သူ ရောက်နေရသည့် အကြောင်းအရင်းက ကမ်းစပ်ယွန်းယွန်းဆီီမှ စီရရီ ရှိနေသော သဗ္ဗာန် များ...
မြစ်ရေပြင်ပေါ်ယံ သို့ နေဝန်းလုံးလုံးလျားလျား ရောက်ရှိခဲ့လျှင်တော့ ထိုသဗ္ဗာန် ပိုင်ရှင်များ ရောက်လာလိမ့်မည်.. ထိုအခါ ဗြသဝန်သည် ဟံသာဝတီ မင်းနေပြည်ကို ကျောခိုင်းကာ ယုဒ္ဓယမြေကို ခြေချလိမ့်မည်။
ဟံသာဝတီသည် သူချစ်သော မြေတော့မဟုတ်....
ယုဒ္ဓယကို သွေးအလိန်းလိန်းစွန်းပေစေခဲ့သော ဟံသာဝတီ...
သူတို့ တန်ဖိုးထားရသော စေတီများကို ပြိုပျက်စေခဲ့သော ဟံသာဝတီ...
ယုဒ္ဓမင်းများ၏ မာနကို မြေခစေခဲ့သော ဟံသာဝတီ...
ခုလည်း သူ့နှလုံးသားကို နာကျင်စေသော ဟံသာဝတီ..
ဗြသဝန် ခါးသက်စွာရယ်မောလိုက်မိသည်။
သူ့နှလုံးသားကို နာကျင်စေသည်ကလဲ ဟံသာဝတီ ပြည့်ရှင်ရဲ့ သားတော်...
သမီးတော် တောင် မဟုတ်...
သားတော်...
ယောကျ်ားတစ်ယောက်ကို ချစ်မိသော သူ့ကိုယ်သူ မည်မျှစက်ဆုပ်ရွံ့ရှာမိမည်ကို ကိုယ်တော် သိမည်မဟုတ်...
ကိုယ့်ကိုယ်ကိုယ် မောင်းမ မိဿံတစ်ယောက်အဖြစ် စိတ်ကူးယဉ်မိသည်အထိ နိမ့်ကျအောင်ကိုယ်တော်က ပြုလုပ်ခဲ့ကြောင်းလည်း ကိုယ်တော် သိမည်မဟုတ်...
သူမုန်းသော ဟံသာဝတီကို မခွဲချင်ရလောက်အောင် ပြုစားနိုင်ခဲ့ကြောင်းလည်း ကိုယ်တော်သိမည်မဟုတ်...
ကိုယ်တော်သည် နဖူးစည်းအနက်ကို ကိုင်ရင်း ရက်အနည်းငယ်မျှ စိတ်နာကျင်ကောင်း နာကျင်ပေလိမ့်မည်။ နန်းတော်မှ သူထွက်လာသော ရက်သတ္တပါတ် နှစ်ပါတ်မြောက်သော ဤ နေ့တွင်တော့ ကိုယ်တော်သည် သူ့အမည်ကိုမှ အမှတ်ရပါလေစ..
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...