Unicode
သစ်လုံးကြီးများ ဖြင့်ဟီးထ နေအောင် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော ဇင်းမယ် ခံတပ်တံတိုင်းကို ဖြတ်သန်း ဝင်ရောက်လိုက်သည်နှင့် တီးမှုတ်သံများ ကို ကျယ်လောင်စွာကြားလိုက်ရသည်။
နန်းတော်ထဲတွင်ရာဝဏ ကြားနေကျ တူရိယာသံတွေလိုငြိမ့်ငြိမ့်ညောင်းညောင်းတော့ မဟုတ်။ အမှန်တော့ တူရိယာသံလို့ပင်ပြောမရ...
မူးယစ်ရီဝေနေသော ရဲမက်အချို့က စည်ကြီးကို တဒုန်းဒုန်းတီးနေကြခြင်းသာ... သိပ်မူးပုံမရသော ရဲမက်တို့က ဗြတ်စောင်းကို အပြားလိုက်ချပြီး တဗြန်းဗြန်းတီးနေကြသည်။ အချို့က ကခုန်သည်ဟု အမည်တပ်မရသော အမူအရာ ကို ပြုလုပ်နေကြပြန်သည်။
သေရည် ထည့်ထားသော ရာဝင်အိုးများက ရာဝဏ ဘေးမှ လိမ့်ကာ လိမ့်ကာ ရွေ့လျက် ခံတပ်နန်းထဲသို့ ဦးတည်သွားကြသည်။ လိမ့်သွားသော ရာဝင်အိုးများကိုကြည့်ရင်း စဉ်းစားမိသည်က ထိုသေရည်အိုးများကို ခံတပ်ထဲသို့ သွင်းခွင့်ပြုနေသော သူရူးတစ်ယောက်အကြောင်း..
ရုတ်တရက်.....
မြှားအနီတစ်စင်းက ရာဝဏဘေးမှ ဖြတ်ကာ သေရည်အိုးဆီထိမှန်ကာ သေရည်အိုးကို အက်သွားစေသည်။ တမုဟုတ်ချင်းပဲ နောက်ထပ်မြှားနီတစ်စင်း ထပ်ချက်မကွာလိုက်လာထို အက်ရာကို ထိမှန်လေသည်။ ဒုတိယမြှားကြောင့် သေရည်အိုးသည် အစိတ်စိတ်အမွှာမွှာကွဲအက်သွားပြီး သေရည်များ ကွင်းပြင်တွင် ရွှဲစိုသွားလေသည်။
မြှားလာရာ နေရာကခံတပ်နန်းဆောင် လေသာဆောင်မှ...
လေသာဆောင်တွင် လေးကိုကိုင်၍ ရပ်နေသူက...
"အနုက္ခရာ... အနုက္ခရာ.... " "အနုက္ခရာ.."
ရဲမက်များက လေသာဆောင်ဆီ မော့ကြည့်ရင်း လက်သီးလက်မောင်းတန်းကာ ဟစ်အော်ကြလေသည်။ အဆောင်ပေါ်မှ အနုက္ခရာ က လက်ပြလိုက်မှ သူတို့တိတ်ဆိတ်သွားကြသည်။
"သီပေါ.. ဇင်းမယ်.. အာသံ..ဘယ် နယ်ပယ်တွေကများ . ငါတို့ဟံသာဝတီ ကို ပုန်ကန်ခြားနားရဲဦးမလဲ.... . ဟံသာဝတီသားတွေရဲ့သွေး ဘယ်လောက်ရဲတယ်ဆိုတာ ငါတို့ပြခဲ့ကြပြီး မဟုတ်လား..."
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...