Unicode
"ခန်းဆီးတွေ အကုန်လဲပြီး ကြပလား......"
"ဟိုဘက်နားက ပန်းအိုးက ဘာလို့လွတ်နေတုန်း.... ငါယူလာတဲ့ နှင်းဆီ အဖြူတွေ သွားယူစမ်း...."
"ဖိနပ်ချွတ်မှာ ဘာလို့ ဖုန်တွေ ရှိနေသေးသလဲ.. မယ်မင်းတို့ တယ်ပေါ့ဆကြတာပဲ...."
"ကိုယ်တော့် အိပ်ယာအခင်းကို အဖြူရောင် ယူလာခဲ့ကြ.. ဘယ့်နှယ်ကွယ် ဒီအခင်းအရောင်က မှောင်မှိုင်းလို့..."
ရာဝဏသည် ကိုယ်တော့် အဆောင်တော်၏ အရှေ့မှ အနောက်သို့ ထပ်ခါထပ်ခါ လျှောက်ရင်း တစ်ခုပြီး တစ်ခု မှာကြားနေလေသည်။
ရာဝဏ သည်ကိုယ်တော့်ကို သူလွမ်းဆွတ်လွန်း၍ လာကြည့်သည့်အချိန်မှ အပ ခြောက်လတာမျှ ပိတ်ထားသော ကိုယ်တော့်နန်းဆောင်ကိုလည်း ပြန်လည် ပြင်ဆင်ရသေးသည်။ နန်းဆောင် ပြတင်းကို ဖွင့်လိုက်ပါက မျက်စိပသာဒ ရှိအောင် ဥယျာဉ်ကိုလည်း ပြင်ဆင်ရသည်။ မြေအောက်ခန်းရှိ ဓား၊ လေး လက်နက်အစုံကိုလည်း သန့်စင်ရသေးသည်။ ကိုယ်တော့်မြင်းဇောင်းကိုလည်း ပြုပြင်ရသေးသည်။
ရာဝဏသည် တစ်ယောက်တည်း အပြေးအလွှား အလုပ်ရှုပ်နေရှာလေသည်။
သို့ပေမယ့် သူ့မျက်နှာက ပြုံးရွှင်လို့...
မပြုံးနိုင်ဘဲ ရှိပါ့မလား..
ယနေ့ပဲ အနုက္ခရာကိုယ်တော်သည် တိုင်းခန်းလှည့်လည်တော်မူသော ဘဝရှင် မင်းတရားကြီးနှင့်အတူ ဟံသာဝတီ နန်းတော်သို့ ပြန်လာလိမ့်မည်။
ကိုယ်တော် ပြန်လာမည့်အကြောင်း ရာဝဏဆီ ပထမဆုံး သတင်းပို့သည့်နေမှ စ၍ ယခုချိန်ထိ ရာဝဏ၏ စိတ်များက ငှက်မွှေးတစ်ချောင်းလို ပေါ့ပါးလို့ နေလေသည်။
ပေါ့ပါးသောခြေလှမ်းများဖြင့် ဟိုဒီစစ်ဆေးရင်း ကိုယ်တော့်စားပွဲပေါ်မှမင်ကုန်လုလု မင်အိုးကို တွေ့သွားတော့ မင်ဖြည့်ပေးဖို့ အိုးကိုလှမ်းအယူ... လက်နှင့်တိုက်မိပြီး သူ့ပေါင်ပေါ် မင်များ ပြန့်ကျဲသွားသည်။
အမှူထမ်းများက ကူညီပေးဖို့ စိုးရိမ်တကြီး အပြေးလာတော့ ရာဝဏသည် ကြမ်းပေါ်ထိုင်ချပြီး ဟက်ဟက်ပက်ပက်ပက် ရယ်မောလိုက်လေသည်။
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...