Unicode
"ကိုယ်ရံတော်တွေ အဖွဲ့ရဲ့တာဝန်က မင်းသမီးတွေကို စောင့်ရှောက်ဖို့ဖြစ်တယ်.. မင်းတရားကြီးရဲ့ သမီးတော်တွေကို မှဲ့တစ်ပေါက်မစွန်းအောင် ကာကွယ်ပေးရမယ့် ဒီတာဝန်ကို ပျက်ကွက်ခဲ့ရင် ကြီးလေးတဲ့ အပြစ်ဒါဏ်ချမှတ်ခံရမယ်..."
ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်ပြောနေသော စကားသံအစား ဗြသဝန် ဂရုစိုက်နေမိသည်က အနုက္ခရာကိုယ်တော်...
ဗြသဝန်တို့ ကိုယ်ရံတော်အဖွဲ့၏ ညာဖက်ယွန်းယွန်းတွင် မင်းညီမင်းသားများအဖွဲ့ရှိနေသည်။ ကိုယ်တော်သည် သူစီးနှင်နေကျ အနက်ရောင်မြင်းဘေးနားလေးတွင် ရပ်နေလေသည်။
ကိုယ်တော့်ဘေးမှာရှိနေသည်က အမတ်ရာဝဏ...
တောကစားထွက်သူ အားလုံးနီးပါး လေးနှင့်မြှားကို ကိုင်ဆောင်ကြသော်လည်း ရာဝဏကတော့ လှံတစ်ချောင်းကို သာ စွဲကိုင်ထားလေသည်၊
ဗြသဝန်ကြည့်နေစဉ်မှာပဲ ရာဝဏ သည် ကိုယ်တော့်နားတိုးကပ်ကာ တစ်စုံတစ်ခုပြောဆိုလေသည်။ ကိုယ်တော်က နားမလည်ဟန် ဖြင့် ရာဝဏကို ပြန်ကြည့်တော့ ရာဝဏက ပြုံးရယ်ရင်း ကိုယ်တော့် နားကို နှုတ်ခမ်းနှင့်ကပ်ကာ တီးတိုးပြောဆိုပြန်လေသည်။ ဒီတစ်ခါတော့ ရာဝဏ၏ လျိှု့ဝှက်ဟာသကို ကိုယ်တော် သဘောပေါက်သွားအံ့ထင့်... ရာဝဏ ပခုံးကို ဖက်ကာ ရယ်မောနေလေသည်။
ဒါဟာ ဘာမဟုတ်တဲ့ မြင်ကွင်းပဲလေ...
သို့ပေမယ့် ဗြသဝန်ရင်ထဲ လေးပင်လာရခြင်း အကြောင်းအရင်းကိုတော့ သူကိုယ်တိုင်လည်း နားမလည်နိုင်ပါချေ....
"မင်း ကိုယ်ရံတော်ခေါင်းဆောင် မှာတာကို သေချာနားထောင်သင့်တယ်.. " ဗြသဝန်ဘေးနားတွင်ရပ်နေသော နန်းဆောင်မကြီးမှ ကိုယ်ရံတော်က ဗြသဝန်ကို လှမ်းပြောလိုက်သည်။ "တောကစားထွက်တယ်ဆိုတာ မင်းဆွေမင်းမျိုးတွေ အတွက်တော့ ပျော်ဖို့သက်သက်ပေမယ့် ငါတို့က တာဝန်နဲ့လိုက်ရမှာ.. အရင်နှစ်တုန်းကဆို မင်းသမီးတစ်ပါး တောင်ပေါ်က ခြေချော်ကျသွားလို့ သွားလို့ သူ့ကိုကာကွယ်ပေးရတဲ့ ကိုယ်ရံတော်က နန်းတော်က နှင်ထုတ်ခံလိုက်ရတယ်.."
أنت تقرأ
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
أدب تاريخيဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...