Part 2

11K 1K 70
                                    

Unicode

မြန်မာ ရာဇဝင်နာမည်တွေ ဖတ်ရခက်တယ် ဆိုတဲ့သူ များအတွက် မှတ်နည်း Tips လေးပါ.. 😁😁

အဓိက Character က သုံးယောက်တည်းပါ..

ဟံသာဝတီ ပြည့်ရှင် ( သမိုင်းအရဆိုရင်တော့ ဘုရင့်နောင်ပါ.. ဒါပေမယ့် ဘုရင့်နောင်လို့ Yaoi Fic ထဲမှာ ထည့်ရေးရမှာ အားနာလို့.. ) ရဲ့ သားတော် အနုက္ခရာ..

အနုက္ခရာရဲ့ သူငယ်ချင်း အမတ် ရာဝဏ

အယုဒ္ဓယ ကနေ ဟံသာဝတီကို ရောက်လာတဲ့ ဆုပန်ကလျာ ရဲ့ မောင်တော် ဗြသဝန်

အဲဒီ သုံးယောက်သိရင် ရပါပြီ..

အယုဒ္ဓယ ဘုရင်နာမည်တွေ မိဖုရားနာမည်တွေ ဘာညာတွေ ရှုပ်မှာစိုးလို့ ထည့်မရေးတော့ပါဘူး.. ဘုရင် မိဖုရား ဒီလိုပဲ ဖော်ပြပါ့မယ်..

နရဲစွမ်ကတော့ ဆုပန်ကလျာရဲ့ အစ်ကိုတော်ပါ.. ယိုးဒယားလိုဆိုရင် ဗြနရာဇ် လို့ခေါ်ပါတယ်.. ရှုပ်ယှက်ခတ်နေမှာစိုးလို့ တစ်ခုပဲသုံးပါ့မယ်.. ဒါပေမယ့် သူကလည်း သိပ်ပါမှာ မဟုတ်လို့ မမှတ်လည်း ရပါတယ်..

အယုဒ္ဓယ.. ဟံသာဝတီ.. ဇင်းမယ် ဘာညာ တွေကတော့ သမိုင်းမှာလည်း သိနေလို့ ဖတ်ရ အဆင်ပြေမယ် ထင်ပါတယ်..

😁😁😁

💙💙💙💙💙💙💙💙💙

"မိဖုရားခေါင်ကြီး ကြွလာတော်မူတယ်"

အခန်း အပြင်မှ နန်းစောင့်ရဲမတ်၏ အသံကြောင့် ဗြသဝန် ရှိသမျှ အားအကုန်သုံးပြီး အိပ်ယာမှ ထ၍ အရိုအသေပြုရန် ကြိုးစားလိုက်သည်။ သို့သော် လတ်လတ်ဆတ်ဆတ်ရှိနေသေးသော ကျောပြင်မှ ဒဏ်ရာများကြောင့် ရုတ်တရက် ထ၍ မရ။

ဗြသဝန်က ပျော့ပြောင်းနုနယ်လွန်းသူ မဟုတ်သော်လည်း မင်းဆွေမင်းမျိုးလည်းဖြစ် ဆယ်ခြောက်နှစ် အရွယ် ငယ်ရွယ်လွန်းသော သူ့အတွက် ကြိမ်ဒဏ် နှစ်ဆယ်မှ ဖြစ်သော ဒဏ်ရာများကြောင့် ကိုယ်အပူရှိန် တငွေ့ငွေ့တက်နေလေသည်။

"မထနဲ့တော့ ဗြသဝန်"

မိဖုရားခေါင်ကြီးက ပြောရင်း ဗြသဝန်လှဲနေသော သလွန် ထက်ဝယ် ထိုင်လိုက်သည်။

"သမားတော်ကြီး လာကြည့်သွားပြီလား"

စိတ်ပူပန်ပုံပေါ်နေသော မိဖုရားကြီး၏ အမေးကြောင့် ဗြသဝန် နှစ်သက်စွာပြုံးမိသည်။ မိဘနှစ်ပါးလုံး စစ်ပွဲတွင် ကျဆုံးပြီးနောက်တွင် မိဖုရားခေါင်ကြီးက တူတော်သော သူ့ကို သားအရင်းသဖွယ် စောင့်ရှောက်ပေးခဲ့သည် မဟုတ်လား။

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now