Unicode
"ရေသောက်လိုက်ဦး"
ကိုယ်တော်က ရေတံကောင်းမှ ရေကို ငှဲ့ပေးရင်း ဗြသဝန်ကို ထူမပေးကာ သလွန်ကို မှီပြီး ထိုင်စေသည်။
"သမားတော်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောတာပဲ" ကိုယ်တော်က ရေသောက်နေသော ဗြသဝန်၏ နဖူးပေါ်မှ ဆံနွယ်ကိုပင့်သပ်ပေးရင်းဆိုသည်။ "မင်းသမီးလေးလဲ ပြဿနာ မရှိဘူး။ ကျောဘက်က ကုတ်ခြစ်ရာ ဒဏ်ရာတွေက အမာရွတ် မကျန်ပါဘူးတဲ့။"
"အမတ်တွေ ကတော့ ထုံးစံ အတိုင်း တစ်စိတ်ကို တစ်အိတ်လုပ်နေကြတာပေါ့ ။ ဒါပေမယ့် ကိုယ်တော့် မှာ နည်းလမ်းရှိလို့ စိတ်ပူစရာ မလိုဘူး။"
ကိုယ်တော်က ရေခွက်ကို လင်ဗန်းထဲ ပြန်ထည့်လိုက်ပြီး သူ၏ ကြီးမား သော လက်ဖဝါးပြင်ဖြင့် ဗြသဝန်၏ ပါးပြင်ကို ဖွဖွလေး အုပ်ထားလိုက်သည်။ ကိုယ်တော့် လက်ဖဝါးကြောင့်ထင့်။ ဗြသဝန်၏ ပါးပြင် ပူနွေးလာသည်။ တကယ့်ကိုပဲ ကိုယ်တော့် အတွေ့အထိတွေကို ခုထိ သူကျင့်သား မရသေးပေ။
"ဘာလို့ မောင်မင်း က ခုထိရှက်နေသေးတာလဲ ငါနားတောင်မလည်ဘူး" ကိုယ်တော်က ညစ်ကျယ်ကျယ်ပြုံး ပြုံး ရင်း ငုံ့ပြီး သူ့ပါးကို နမ်းရှိုက်လိုက်သည်။ "ငါက မောင်မင်း တစ်ကိုယ်လုံးကို နေရာလပ် မကျန် သုံးသပ်ဖူးပြီးသားပဲ မဟုတ်လား။"
ကိုယ်တော့် အပြုအမူတွေကြောင့် ဗြသဝန် မနေတတ်တော့ဘဲ တစ်ကိုယ်လုံး ပူနွေးလာနေပြီ။
"ဟိုထိ ဒီထိ မလုပ်ဘဲ စကားကောင်းကောင်း ပြောလို့ရမလား.. အနုက္ခရာ ကိုယ်တော်" ဗြသဝန်က မနေနိုင်တော့ဘဲ သူ့ကို ပူးကပ်နေသော ကိုယ်တော့် ရင်ဘတ်ကို တွန်းလိုက်သည်။
"အမိန့်တော်မြတ် အတိုင်းပါ...." ကိုယ်တော်က ရယ်ကျဲကျဲ လုပ်ရင်း ကိုယ်ကိုမတ်လိုက်သည်။ "မဟုတ်ရင်လဲ မောင်မင်း တစ်ကိုယ်လုံး နီရဲပြီး ပေါက်ထွက်ရော့မယ်။" ကိုယ်တော်က ရယ်မောပြီး သူ့နှာခေါင်းလေးကို တို့ထိလိုက်သည်။
"ဘာများပြောချင်တုန်း"
"ဘာနည်းလမ်းနဲ့လဲ..." သူ့အမေးကြောင့် ကိုယ်တော် မျက်ခုံး တစ်ချက်ပင့်လိုက်သည်။ "ဘာနည်းလမ်းနဲ့ ကျွန်တော်မျိုးကို အပြစ်ကျမခံ ရအောင် လုပ်ထားတာလဲ"
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...