Unicode
ဗမာ့ထုံးစံအရ လူတစ်ယောက် သေဆုံးလျှင် မည်သည့် အခမ်းအနားမျိုး ကျင်းပရသည်ကို ဗြသဝန် သိပ်နားမလည်...
သို့ပေမယ့် သေဆုံးသွားသော ဇင်းမယ် စစ်သူကြီးကတော့ အောင်ပွဲအခမ်းအနားကို သယ်ဆောင်လာလေသည်။
ထင်းချောင်းများ ဆက်တိုက်ပစ်ထည့်သောကြောင့် ဟုန်းဟုန်းတောက်နေသော မီးပုံအနီးဝယ် တောဝက်တစ်ကောင်ကို မီးကင်ထားလေသည်။ ရဲမက်များက သောက်ကာစားကာ အော်ဟစ်ရယ်မောနေကြလေသည်။
သူ့မျက်နှာချင်းဆိုင် တွင် ဟံသာဝတီမင်းသား အနုက္ခရာသည် ယုဒ္ဓယ စစ်သည်များနှင့် ဝိုင်းဖွဲ့ထိုင်နေလေသည်။ ကိုယ်တော်သည် နေ့လည်တည်းက ဆက်တိုက်သောက်နေသော သေရည်အရှိန်ကြောင့်ထင့်... အနည်းငယ် ရီဝေနေပြီ..
ကိုယ်တော် က ယုဒ္ဓယစစ်သည်များနှင့် ရယ်မောပြောဆိုနေသည်က နယ်စပ်အကြောင်း.. အနားနီး ပြည်နယ်တွေ အကြောင်း.. ပြီးတော့ ယုဒ္ဓယ ပျိုဖြူတွေအကြောင်း..
ဒီလိုဆိုတော့ အနုက္ခခရာ ကိုယ်တော်သည် ဒီခြောက်လအတွင်း အတော်လေး ပြောင်းလဲ သွားပြီဖြစ် သည်။
ကြေးနီရောင် အသားအရည်တို့.. ဖရိုဖရဲ ဝတ်စားဆင်ယင်မှုတို့.. ကြမ်းတမ်းသော ကိုယ်ဟန်အမူအရာတို့လို မြင်နိုင်သော ပြောင်းလဲမှုများမျှ ပင်မဟုတ်..
ကိုယ်တော်၏ စိတ်နှလုံးအိမ်သည်လည်း ကြမ်းတမ်းမာကြောနေသည်ဟု ခံစားမိလေသည်။
ဒါမှမဟုတ် ကိုယ်တော့် နှလုံးအိမ်သည် ဗြသဝန်တစ်ယောက်တည်း အတွက်သာ ကွက်ပြီး မာကြောသွားခဲ့သလား..
ကိုယ်တော့် မျက်ဝန်းအနက်ရောင်တစ်စုံမှအကြည့် သည် ဗြသဝန်အပေါ် တစိုးတစိမှ ကျရောက်လာခြင်းမရှိ..
ကိုယ်တော့်နှုတ်ခမ်းမှ ထွက်ကျလာသော မည်သည့်စကားသည်မျှ ဗြသဝန်အတွက် ရည်စူးခြင်းမရှိ...
ကိုယ်တော့် အတွက် ဗြသဝန်သည် လေပြေလို.. မမြင်ရ မတွေ့ရ ၊ မကြားရသည့်အလား.. လစ်လျှူရှုထားလေသည်။
"ကိုယ်တော်က ကျွန်တော်မျိုးတို့ အဖွဲ့ကို တစ်ခွက်လောက် ငှဲ့ပြီး ချီးမြှင့်ပါ.. ငှဲ့ပေးပါ.. ကျွန်တော်မျိုးကို တပ်မှူးကို စပြီး ချီးမြှင့်ပါ..."
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...