Part 28

1.8K 235 181
                                    

စာလုံးပေါင်းနဲ့ Typing Error လေး တစ်ချက်သည်းခံပေးပါနော်.. မနက်မှ ပြန်ပြင်ထားပေးပါ့မယ်..

Unicode

တောင်အရပ်မှတိုက်ခတ်သော လေညှင်းသွဲ့သွဲ့သည် နွေရာသီ၏ အရိပ်အယောင်ကို ယူဆောင်ကာ နန်းတော်သို့ဝင်ရောက်လာလေသည်။ 

အလံ နှင့် မင်းမျိုးမင်းနွယ် အဆောင်အ‌ယောင်မပါသော မြင်းလှည်းအချို့သည်တော့ နန်းတော်တံခါးမှ ခပ်ဖြည်းဖြည်း ထွက်ခွာသွားလေသည်။ 

ရာဝဏသည် တဖြည်းဖြည်း ဝေးသထက်ဝေးသွားသော လှည်းများကို နန်းမြင့်မျှော်စင်ပေါ်မှနေ၍ ကြည့်နေမိသည်။  သူ၏ နှလုံးအိမ်သည် ကျောက်သားဖြင့်ပြုလုပ်ထားသော လက်အစုံဖြင့် ဖိနှိပ်ဖျစ်ညစ်ခံထားရသကဲ့သို့ပင်။ မုန်းတီးစက်ဆုပ်ဖွယ်ရာ နာကျင်မှုသည် သူ၏ဘယ်ဘက်ရင်အုံကို တဒိတ်ဒိတ်တိုးဝင်နေလေသည်။လှည်းဘီးများ နင်းချေသွားသော အရာသည် လမ်းခင်းကျောက်များ မဟုတ်။ ရာဝဏ၏ မိုက်မဲ ရူးသွပ်လှသော နှလုံးသား အစုံပင်ဖြစ်သည်။ 

ရာဝဏသည် မျက်လုံးအစုံကို မှိတ်ချလိုက်သည်။ မဆုံးနိုင်အောင် ပဲ့တင်ထပ်နေသော စကားသံများသည် သူ၏ နားထဲသို့ တစ်လုံးမကျန်တိုးဝင်လာလေသည်။ 

"ဟုတ်သလား။ ငါ့ကို ချစ်မြတ်နိုးသတဲ့လား" 

ကိုယ်တော့်မျက်လုံးများတွင် အံ့ဩတုန်လှုပ်ခြင်း တစွန်းတစ ကို မြင်လိုက်ရသော်လည်း စကားလုံးများကမူ သံသယဖြင့်စွန်းပေနေ၏။

ရာဝဏသည် ပြန်မဖြေခဲ့။ ရာဝဏသည် သူ့တွင်ရှိသမျှ အားအင် အားလုံးကို ကိုယ်တော့်ထံ ထားရှိသော မေတ္တာကို ဝန်ခံဖို့ အသုံးပြုခဲ့ပြီးပြီပဲ ဖြစ်သည်။ အလောင်းမြေချချိန်အထိ သိမ်းထုပ်ထားလိုသော ထိုလျို့ဝှက်ချက်ကို ဖွင့်ထုတ်အပြီးတွင် ရာဝဏတွင် လက်ချောင်းလေးများကို လှုပ်ဖို့ပင် အင်အားမရှိတော့ပါချေ။ မာကျောနေသော ကြမ်းပေါ်တွင် ဒူးတုပ်ထားရင်း ကံကြမ္မာက သူ့အတွက် ရေးထားသော ဇာတ်ညွှန်းကို တုန်ယင်စွာ စောင့်နေရုံမှ တပါး အခြားမလုပ်နိုင်တော့ပါချေ။

ကိုယ်တော်သည် အကြာကြီးတိတ်ဆိတ်နေပြီးမှ မေးခွန်းထုတ်လာသည်။

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now