Part 21

2K 247 206
                                    

Unicode

" ဒါတွေကို ယူသွားပြီး စာကြည့်ဆောင်မှာ နေရာချထားလိုက်.."

ရာဝဏသည် ပေလိပ်များကို စာရေးခုံပေါ်တွင် စုစည်းတင်ထားလိုက်သည်။

ရက်ကာလရှည်လျားစွာ ဖြစ်ပွားခဲ့သော ဟံသာဝတီ အယုဒ္ဓယ ထိုးစစ် ကို တာဝန်ယူခဲ့ရသည့် ရာဝဏသည် စစ်ပွဲမှ အပြန်တွင်လည်း အနားမနေရချေ။

ဖမ်းဆီးလာသော ဓားစာခံများအား နေရာချထားရေးမှ စ၍ နယ်စပ်ဒေသများ ပုန်ကန်ခြားနားမှု မရှိစေရန် တပ်ဖွဲ့များ စေလွှတ်ခြင်း အထိ စီမံရသည်။ ထို့အပြင် အယုဒ္ဓယကို ထိုးစစ်ဆင်ခဲ့သော နည်းဗျူဟာ အသေးစိတ်ကိုလဲ မှတ်တမ်းတင်ရသေးသည်။

ရာဝဏ သည် ပုဝါဖြူတစ်စကဲ့သို့ ပါးလွှာဖြူဖျော့နေပြီး အလွန်ပင် နွမ်းနယ်သည့်ပုံ ပေါ် နေလေပြီ။

အမှန်တော့ အနားရခြင်း၊ မရခြင်း ထက် ရာဝဏ ကိုယ်တိုင်က သူ့ကိုယ် သူ အနား မပေးလိုခြင်း ဖြစ်သည်။ ရာဝဏသည် သူ၏ စိတ်ကို စက္ကန့်မလပ် အလုပ်ပေးထားလိုခြင်းသာဖြစ်သည်။ ခေတ္တလေး အားလပ်လိုက်သည်နှင့် ရာဝဏသည် သူ့အား ရူးသွပ်သွားစေမည့် အကြောင်းအရာ တစ်ခုကိုသာ တွေးမိတော့မည်ဖြစ်သည်။ သူသည် ထိုအကြောင်းကို မတွေးလိုပါချေ။

ရာဝဏသည် ဆစ်ခနဲ နာလာသော သူ၏ ညာဘက်နံပါးကို လက်ဖြင့် ဖွဖွ ဖိလိုက်သည်။ အတော်ကြာပြီ ဖြစ်သော်လည်း ဒီဒဏ်ရာ အတွင်းမှ နာကျင်နေဆဲဖြစ်သည်။

"သမားတော် ခေါ်လိုက်ရမလား အမတ်ကြီး.."

သက္ကသည် လက်ထဲတွင် ပေလိပ်တစ်ပုံကို သယ်ရင်း ရာဝဏကို စိုးရိမ်တကြီး လှမ်းမေးသည်။

"ရတယ်.. ဒီနေ့ ငါ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားပေးလိုက်မိတယ်ထင်တယ်"

သက္ကသည် ပေလိပ်များကို ပြန်ချပြီး ရာဝဏကို ထူမပေးလိုက်သည်။ အိပ်ယာပေါ်တွင် လှဲလိုက်သည့် အချိန်အထိ ရာဝဏ မျက်နှာသည် ဖြူဖျော့နေဆဲဖြစ်သည်။

"တစ်ခုခု သုံးဆောင်ပြီးမှ အိပ်သင့်တယ် ထင်တယ်။ ကျွန်တော်မျိုး ယာဂု ပူပူလေး ယူလာခဲ့ရမလား၊ ဘုရား...."

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now