Part 8

6K 788 75
                                    

Unicode

"မယ်မင်းတို့သွားလို့ရပြီ... တံခါးစေ့ခဲ့ကွယ်.. အပြင်မှာ သိပ်ဆူတာပဲ.."

ဆုပန်ကလျာမိဘုရား၏ စကားအဆုံးတွင် အပျိုတော်သုံးယောက် နန်းဆောင်ထဲမှ နာခံစွာထွက်သွားကြသည်။သူတို့ တင်းတင်းဖိပိတ်လိုက်သော တံခါးချပ်က အပြင်ဘက်မှ တူရိယာသံများ.. ရယ်မောသံများကို အဆောက်ထဲမဝင်နိုင်အောင် တားဆီးလိုက်လေသည်။

မိဖုရားသက်ပြင်းချရင်း လရောင် စူစူးဝင်နေသော ပြတင်းကိုပိတ်ရန် ထ ရပ်လိုက်သည်။ ပြတင်းအပြင်တွင်တော့ လှပစွာ ချိတ်ဆွဲထားသော မီးပုံးတွေ.. ငြိမ့်ငြောင်းစွာ ကခုန်နေသော ကချေသည်တွေ ၊ ပြီးတော့ တစ်နှစ်မှ တစ်ခါ နန်းတော်ထဲသို့ ဝင်လာခွင့်ရှိသော ပြည်သူတွေ..သူတို့ကတော့ မင်းတရားကြီးကို ဖူးမြော်ဖို့ ရာဇပလ္လင်ရှိရာ နန်းဆောင်သို့ တရွေ့ရွေ့ သွားနေကြသည်။

"သီတင်းကျွတ်ညမှာ နန်းတွင်းရဲ့ တံခါးတွေကို ဖွင့်ထားကြလိမ့်မယ်.. ပြည်သူတွေ မီးထွန်းပွဲကို ဆင်နွှဲဖို့ပေါ့...နန်းတွင်းထဲ ဝင်ချင်တဲ့သူတွေအတွက် အချိန်ကောင်းပဲလေ.. ."

ပြတင်းကို ဖြေးညှင်းစွာပိတ်ရင်း အမတ်ကြီးရာဝဏပြောခဲ့သော စကားများ နားထဲပြန်ကြားယောင်လာသည်။ တကယ်ပဲ နန်းတွင်းကို ဝင်လာချင်သောသူများအတွက် အချိန်ကောင်း ဖြစ်ပေလိမ့်မည်.. ဒါကို မင်းကြီးကို ဖူးမြော်ဖို့ တိုးဝှေ့နေသော လူအုပ်ကြီးက သက်သေခံနေလေသည်၊

ပြတင်းစေ့သွားသည်နှင့် လရောင်မဝင်လာတော့သော အဆောင်ထဲတွင် မီးခွက်အလင်းရောင် ခပ်မှိန်မှိန်သာ ကျန်ခဲ့လေသည်။

"လမ်းမှားရောက်လာတဲ့ သူတွေ နန်းတွင်းထဲ က ထွက်သွားဖို့လဲ အချိန်ကောင်းပဲ..." မိဖုရားနောက်တစ်ကြိမ် သက်ပြင်းချရင်း ရာဝဏ၏ စကားထဲမှာ "နန်းတွင်းထဲ လမ်းမှားရောက်လာသူ"ဟု ညွှန်းဆိုခံရသော သူကို လှမ်းကြည့်လိုက်သည်။

ဗြသဝန်သည် သလွန်ပေါ်ဒူးတုပ်ထိုင်ရင်း စေတီဘက်သို့ မှန်းမြော်ကာ ရှိခိုးဦးချနေသည်။ သူ့ဘေးတွင်မတော့ သူကိုင်နေကျ ဆောင်ဓားရှည်ရယ်... လမ်းခရီးတွင် သုံးဖို့ ငွေစ အချို့ရယ်.. အသုံးအဆောင်အချို့ရယ်ကို ထုပ်ထားသော အထုတ်တစ်ထုတ်ရှိနေသည်။

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now