Unicode
ဟံသာဝတီပြည့်ရှင်၏ အိပ်ခန်းဆောင် ထဲတွင် အမတ်များ၊ စစ်သူကြီးများ စုဝေးနေကြသော်လည်း သည် အပ်ကျသံမကြားရလောက်အောင်ပင် တိတ်ဆိတ်နေလေသည်။ သူတို့သည် စိတ်လှုပ်ရှားစွာပဲ တစ်စုံတစ်ခု ကို စောင့်မျှော်နေကြတာဖြစ်သည်။
"ရောက်သင့်နေပြီ" ဟံသာဝတီပြည့်ရှင်သည် ခပ်တိုးတိုးရေရွတ်ရင်း လေသာပြတင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
တိုက်ခတ်လာသော လေသွဲ့သွဲ့သည် ခန်းစီးစကို တဖျတ်ဖျတ်တုန်ခါစေသည်။လမိုက်ညမို့ ပိန်းပိတ်အောင် မှောင်မဲနေသော ကောင်းကင်မှ တပါး အခြားမမြင်ရချေ။ ဟံသာဝတီပြည့်ရှင်သည် ပြတင်းမှ အကြည့်လွှဲမည်ပြုပြီးမှ အနက်ရောင် ကောင်းကင်နောက်ခံတွင် အဝတ်ပါးတစ်စ လွင့်လာသလို ဖြူလွလွ အရာသည် သူတို့ဆီ ပျံသန်းလာသည်ကိုတွေ့လိုက်ရသည်။
"လာပြီ.."
အခန်းဆောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ ဘုရင့်ကိုယ်ရံတော်သည် သလွန်ဘေးတွင် ဒူးထောက်နေရာမှ ထပြီး အခန်းတွင်းသို့ ပျံဝင်လာသော ခိုကို အသာအယာဖမ်းလိုက်သည်။
ခို၏ အတောင်ကြားမှ သေးငယ်ကျစ်လျစ်သော အဝတ်စကို ဖြုတ်ယူကာ ပြည့်ရှင်မင်း၏ လက်သို့ ဆက်သလေသည်။ဟံသာဝတီပြည့်ရှင်သည် ထိုအဝတ်စကို တည်ငြိမ်စွာ ဖွင့်ဖတ်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ရုန်းရင်းဆန်ခတ်တော့ ဖြစ်သွားခဲ့ပေမယ့် အိမ်ရှေ့စံ ကို လင်းဇင်းခံတပ်မှာ အကျယ်ချုပ်ချထားလိုက်နိုင်တယ်"
စိတ်သက်သာရာရသွားသော သက်ပြင်းချသံများ ပေါ်ပေါက်လာပြီးနောက် အိပ်ခန်းဆောင်သည် ပြန်လည် တိတ်ဆိတ်သွားသည်။
အိပ်ဆောင်တွင်း ဒူးတုပ်ထိုင်နေကြသူများသည် စောင့်မျှော်နေသည့် အနေအထားသို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိသွားလေသည်။ သို့သော် သူတို့ ယခု စောင့်မျှော်နေသည်မှာ သတင်းမဟုတ်တော့။ အမိန့်တစ်ခုကို စောင့်မျှော်နေကြခြင်းပင်...
"သဂ္ဂ" ကြာမြင့်သော တိတ်ဆိတ်မှု အပြီးတွင် ဟံသာဝတီပြည့်ရှင်၏ ပြတ်သားသော ခေါ်သံ ထွက်ပေါ်လာသည်။
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...