Part 4

8.6K 1K 153
                                    

Unicode

နဖူးစည်း ကို ဆယ့်နှစ်ကြိမ်မြောက် ပြင်စည်း အပြီးတွင် အနုက္ခရာ တစ်ယောက် သူ့အသွင်အပြင်ကို ကြေးမုံတွင် ကြည့်လိုက်သည်။

မြို့ထဲက နက္ခတ်သဘင်ပွဲကို သွားဖို့ သူတို့ တစ်ဖွဲ့လုံး သာမန် အရပ်သား ပုံစံ မျိုး ဖြစ်ရမည်။ ပြီးတော့ မှတ်မိလွယ်စေပြီး ထင်ရှားနေသော ပုံမျိုး မဖြစ်စေရ။

အနုက္ခရာလည်း လူတွေကြားမှာ ထင်ရှားပေါ်လွင်မနေစေချင်.. တောက်ပြောင် သားနားနေဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိ..

သို့ပေမယ့်..သို့ပေမယ့်ပေါ့လေ...

သူ့မျက်နှာကို စေ့စေ့ကြည့်မှာ မဟုတ်တဲ့ မိန်းမပျိူ တစ်ယောက် အတွက်..

ထို မိန်းမပျိုစောင်းချိတ်လိုက်မည့် မျက်စောင်း တစ်ချက်တွင် သူ့ရုပ်ပုံလွှာ ထင်ကျန်ရစ်အောင်လောက်တော့ သူထင်ရှားတောက်ပြောင်နေချင်သည်။

"ကိုယ်တော်.. အပျိုတော်တွေ နန်းတော် တံခါးဝ မှာ စောင့်နေပြီ ဘုရား.."

နန်းစောင့်ရဲမက်၏ အသံကြောင့် အနုက္ခရာ ကြေးမုံကို နောက်ဆုံးအကြိမ် ကြည့်ပြီး သျှောင် ထုံးကို သေသေသပ်သပ် ဖြစ်အောင် ဖိလိုက်သည်။

ဒီလောက်ဆိုရင်တော့ သူမ မျက်လုံးထဲ စွဲထင်ကျန်ရစ်ဖို့ လုံလောက် လောက်ပါတယ်လေ...

အနုက္ခရာ သူ့ဟာသူတွေးရင်း သူ့ဟာသူ ရှက်ရယ် ရယ်မိပြန်လေသည်။

"ဒီ အပျိုတော်ဟာ ဘယ်လိုတောင် ကိုယ်တော့် စိတ်ကို သိမ်းပိုက်နိုင်စွမ်းအားကြီးနေတာတုန်း.."

ဤ မေးခွန်းကို ဖြေနိုင်မည့် တစ်ဦးတည်းသော သူ ကတော့ နန်းတော် တံခါးဝမှာ အခြား အပျိုတော်တွေနဲ့ ယှဉ်တွဲပြီးရပ်လို့...

❤❤❤❤❤❤❤❤❤

မီးပုံးများနှင့်တန်ဆာ ဆင်ထားသော မြို့တွင်းလမ်း၏ တစ်ဖက်တစ်ချက်တွင် ဝယ်သူများတိုးကြိတ်နေသော စျေးဆိုင်များရှိနေသည်။ ရဲမက်အချို့က လက်ကိုင်တွင် ပန်းပုထုထားသော ဓားမြှောင်များကို စိတ်ဝင်တစား ကြည့်ရှုနေကြပြီး အချို့ကတော့ သေရည်မျိုးစုံကို မြည်းစမ်းကြည့်နေသည်။

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now