Part 6

7.6K 876 86
                                    

Unicode

နန်းတော် လမ်းတစ်လျှောက်ခင်းထားသော ဂဝံကျောက်တုံးလေးများကို တစ်ခုချင်းနင်းရင်း ရာဝဏ တစ်ယောက် သွက်လက်တက်ကြွစွာ လျှောက်လှမ်းလာသည်။

သူ့နောက်မှာ ယာဂုအိုးပိုက်ထားသော အမှုထမ်းက ခပ်သွက်သွက်လိုက်လာနေသည်။

သွက်သွက်လည်းလျှောက်မှ....

နေဝန်းက အနောက်ဘက်သို့ ယွန်းလုနေပြီ.. အနုက္ခရာ မင်းသား ညနေစားတော်မခေါ်မီ ရာဝဏ ကိုယ်တိုင် ကျိုထားသော ဒီယာဂုကို ဆက်သဖို့ ခပ်သွက်သွက်လျှောက်မှ မဟုတ်လား..

"ကိုယ်တော် လေညင်းခံဖို့ အပြင်ထွက်သွားပါတယ် အမတ်ကြီး ဘုရား.."

နန်းစောင့်ရဲမက် အဖြေကြောင့် ရာဝဏ စုတ်တစ်ချက်သပ်လိုက်သည်။ ရဲမက်ကတော့ သူ့ကို ဒေါသထွက်သည် အထင်ဖြင့် ခေါင်းငုံ့တုန်ယင်သွားသည်။

အမှန်တော့ ရာဝဏ စုတ်သပ်သည်က မင်းသား အနုက္ခရာကို...

ခုထိနေမကောင်းသေးသူက ဘယ့်နှယ် လေညင်းခံ ထွက်ပါလိမ့်..

ဒေါသဖြင့် စုတ်သပ် မိပြီးမှ သက်ဦးဆံပိုင်ဘုရင်၏ သားတော်ကို သူ ဒေါသတကြီး စုတ်သပ်မိကြောင်း သတိရပြီး ရယ်လိုက်မိသည်။ သာမန်လူဆို ခေါင်းနှင့်ကိုယ်များ အိုးစားကွဲလေမလား...

သူကတော့ ကိုယ်တော့် အတွက် ထူးခြားတဲ့သူမဟုတ်လား... သူတွေးရင်း ခါးတွင်ချိတ်ထားသော ကိုယ်တော့်လက်ဆောင် စုတ်တံလေးကို စမ်းလိုက်သည်။

သေချာပါသည်...

သူဟာ ကိုယ်တော့်အတွက် ထူးခြားသည့်လူပင်...

နန်းတော်ထဲမှာရှိသောသူ ဘယ်နှစ်ယောက်အတွက်များ ကိုယ်တော်က သတိတရ လက်ဆောင် ဝယ်လာပေးပါလိမ့်မလဲ...

မြင်းတွေ.. ပိုးထည်တွေ.. ပြီးတော့ စုတ်တံ...

သူတွေးရင်း ကိုယ်တော်ကိုရှာရန် လှည့်ထွက်မည် ပြုပြီးမှ သတိရ ပြန်သည်။ ကိုယ်တော် ဘယ်နေရာမှာများ လေညင်းခံပါလိမ့်.. နေကျပြီ ဖြစ်၍ လေအေးများ တိုးဝှေ့နေပြီ ဖြစ်သည်.. ကိုယ်တော်များ အေးနေပြီလား....

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now