Unicode
ရုတ်တရက် ဟံသာဝတီ နန်းတော် မြို့ရိုးမှ ထွက်ပေါ်လာသော တံပိုးခရာ သံကြောင့် ရာဝဏ တစ်ယောက် ဗြဲတိုက်တော်၏ လေသာဆောင်သို့ အမြန်ထွက်ကြည့်လိုက်သည်။ ရာဝဏ အဖို့ တံပိုးခရာသံတွေကို ခွဲခြားဖို့ မခက်။ အခု ထွက်ပေါ်လာသော တံပိုးခရာသံက စစ်မြေပြင်မှ အရေးကြီးသတင်းကို သယ်ဆောင်လာသော ဆတ်သား မြို့တံခါးက ဝင်လာကြောင်း အသိပေးသည့်အသံ...
ဒီအချိန်မှာ ဒီတံပိုးခရာသံကို မှုတ်ပြီး ဝင်လာသော ဆတ်သား သယ်ဆောင်လာသော သတင်းသည် သေချာပေါက် သူမျှော်လင့်နေသော သတင်းပင် ဖြစ်လိမ့်မည်။ လင်းဇင်း ဘုရင်ခံ ထကြွသည်ကို နှိမ်နင်းဖို့ ဘဝရှင်မင်းတရားက အနုက္ခရာ မင်းသားကို လင်းဇင်းသို့ စေလွှတ်ထားသည် မှာ ရက်သတ္တပါတ် အတော်ကြာမြင့်နေပြီ။
ဖုန် တလောင်းလောင်းထအောင် ဒုန်းစိုင်းမြင်းစီးလာသော ဆတ်သားကို လေသာဆောင်မှ သူ လှမ်းတားလိုက်သည်။စစ်မြေပြင်မှ သတင်းကို သယ်လာသော ဆတ်သားကို ဟံသာဝတီ ပြည့်ရှင် မင်းတရားကြီး ရှေ့မှောက်မရောက်ခင် တားဝံ့သူ ဤ နန်းတော်တွင် လက်ဆယ်ချောင်းပြည့်အောင်မရှိ။
သူမို့လို့..
မင်းတရားကြီး၏ ဆွေမျိုးတော်လည်းဖြစ် မင်းတရားကြီး အပါးတော်မှာ ခစားရတဲ့ အမတ် ရာဝဏ မို့လို့...
သူ့ရှေ့တွင် မြင်းကို ဇတ်သတ်ပြီး ရပ်လိုက်သည်။ ထိုဆတ်သား မြင်းပေါ်က ဆင်းကာ သူ့ကို အရိုအသေပြုသည်ကို ပင် မစောင့်နိုင်တော့ဘဲ ရာဝဏ တစ်ယောက် အလောတကြီးမေးလိုက်သည်။
"လင်းဇင်း စစ်ပွဲ အခြေအနေ ဘယ်လိုရှိသလဲ.."
"မှန်ပါ့ ဘုရား.. လင်းဇင်း ဘုရင်ခံကို ဖမ်းဆီးရမိကြောင်းပါ..."
"မင်းသားရော..."
လောလော မေး လိုက်သော ရာဝဏ အသံတွင် စိုးရိမ်ပူပန်မှု ကြီးစွာ ပါဝင်နေကြောင်း ဆတ်သား လည်း သိနားလည်လိမ့်မည်။ မင်းသား အနုက္ခရာ နှင့် အမတ် ရာဝဏ ၏ ညီနောင်သဖွယ် ခင်မင်ရင်းနှီးမှုကို နန်းတော် တစ်ခုလုံးသိကြသည် မဟုတ်လား...
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...