Part 27

2.1K 234 205
                                    

Unicode

ဗြသဝန်သည် အကျွမ်းတဝင်ရှိပြီး မှောင်မိုက်သည့် အခန်းထောင့်လေးတွင် ရောက်ရှိနေလေ သည်။ နံရံများသည် စိုစွတ်ထိုင်းမှိုင်းနေပြီး သူတစ်သက်မမေ့နိုင်သော ညှီစို့စို့ အနံ့များ ပျံ့လွင့်နေသည်။

"ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ"

သူသည် ဖွဖွ ရွတ်ဆိုပြီး တုန်လှုပ်စွာဖြင့် ရွံရှာဖွယ်ရာ မြေသား နံရံများကို ဖြည်းဖြည်းချင်းစမ်းပြီး ထွက်ပေါက်ကို ရှာနေမိသည်။ အကျဥ်းခန်းသည် သူသိထားသည် ထက်ပိုကျယ်နေသည်ပဲလား။ သူဘယ်လိုရှာရှာ ထွက်ပေါက်ကို မတွေ့နိုင်ပေ။

အမှောင်ထုက ပိုသိပ်သည်းလာပြီး အေးစက်လာသည်။ ညှီစို့စို့ အနံ့က ပိုမိုပြင်းထန်လာပြီး အခန်းထဲတွင် အသက်ရှူရန် လေ အလုံအလောက်မရှိတော့ပေ။ သူ့ခေါင်းပေါ်ရှိလေထုတွင် ပြင်းထန် နင့်နဲသော ဖိအားတစ်ခု ရှိလာသည်။ ထိုဖိအားသည် လျှင်မြန်စွာကြီးထွားလာပြီး သူ့ တစ်ကိုယ်လုံးကိုပိဿာပေါင်းများစွာ လေးသော တူဖြင့်ဖိထားသကဲ့သို့ ခံစားရစေသည်။

ဗြသဝန်သည် ဒူးများခွေယိုင်လာပြီး ထွက်ပေါက်ကို လုံးဝ ရှာမတွေ့နိုင်တော့ဟု ထင်လာသည်။

ထိုအချိန်မှာပဲ ခပ်ဖျော့ဖျော့ အလင်းရောင်ကို မျက်စိထောင့်မှ မြင်လိုက်ရသည်။

ပြာလဲ့​​သော အလင်းဖျော့ဖျော့ သည် အနည်းငယ် ဟ နေသော တံခါးကြားမှ ဝင်လာတာပဲဖြစ်သည်။

ဗြသဝန်သည် ထွက်ပေါက်ဆီသို့ သွားဖို့ ခြေလှမ်းပြင်လိုက်သည်။

သို့သော် ခပ်ဟဟ တံခါးအပြင်ဘက်တွင် လူတစ်ယောက်ရှိနေသည်။ ထိုလူသည် တံခါးကို တွန်းဖွင့်လိုက်လေသည်။

တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် စူးရှသော အော်သံများက အခန်းတွင်းသို့ တိုးဝင်လာသည်။ ပြင်းထန်စူးရှသော ညှော်နံ့သည် ညှီစို့စို့ အနံ့ကို ဖုံးလွှမ်းသွားသည်။

ဗြသဝန်သည် ကောက်ရိုးအပြည့်ခင်းထားသော မြေကြီးပေါ်လဲကျသွားသည်။

နားနှစ်ဖက်ကို ဖိပိတ်ထားသော်လည်း ငရဲတမျှ ပွက်ပွက်ဆူနေသော ကယ်ပါ ယူပါ တစာစာ အော်သံများကို မတားဆီးနိုင်ပေ။

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now