Unicode
~~~~~~~"အဟား ကောင်းပါ့ဗျာ
ရော့...ထပ်စားချည်အုံး။ "'ကျောက်ခဲလေး'ရဲ့
အဖြေကြောင့် သူပျော်ရွှင်သွားရတာမို့
ကောင်ငယ်လေးကို ချောကလိတ် ထပ်ခွံ့ပေးလိုက်တယ်။'ကျောက်ခဲလေး' သာကြိုက်တယ်ဆို
ပါလာသမျှ ချောကလိတ်တွေ
အကုန်သူလေးအတွက်ပဲဖြစ်ရစေမယ်။"ကိုကြီးကျောက်ခဲ...ပန်းနေပလား
ကျုပ်မောင်းရမလား။"အရှေ့က စကားပြောသံတွေကြောင့် 'ဇီးကွက်'လဲ
အိပ်ရာကနေနိုးသွားရပြီး စကားကောင်းနေတဲ့
'ကျောက်ခဲ'ကိုလှမ်းမေးလိုက်တယ်။"ရတယ်...ဇီးကွက်အိပ်ရေးမဝသေးရင်
ထပ်အိပ်လေအုံး။""ရပါတယ်...ကျုပ်ကအိပ်ရေးဝနေပြီ
ကိုကြီးကျောက်ခဲလဲ ခဏနားအုံး။
မနက်ကလဲ အစောကြီးထရတာမို့လား
ညကလဲအိပ်မှမပျော်တာဘဲဟာကို။""ဟုတ်သား...ကျောက်ခဲလေးရယ်
ခဏလောက်နားလိုက်ပါ၊၊ မင်းလေး
မျက်လုံးတွေချိုင့်နေပြီလေကွယ်။"'ကိုသိင်္ခ' ကပါပြောလာတာမို့
ကျုပ်လဲငြင်းမနေတော့ဘူး။
လှည်းကိုခဏ ရပ်လိုက်ပြီး 'ဇီးကွက်'ကိုပဲ
မောင်းခိုင်းလိုက်တော့တယ်။"ဒါဆိုလဲရော့ကွာ...မင်းပန်းလာရင်
ကိုကြီးကိုပြောပေါ့။"မနေ့ညကလဲကောင်းကောင်းအိပ်မပျော်တော့
ကျုပ်လဲငိုက်နေပြီဗျ။ရွာရောက်ဖို့လဲ
သိပ်မလိုတော့ဘူးဆိုတော့ကျုပ်လဲ နောက်ကနေလှည်း'ရံတိုင်'လေးကိုမှီပြီးလိုက်လာခဲ့တော့တယ်။တဖြည်းဖြည်းနဲ့အိပ်ပျော်လို့သွားတဲ့ကောင်ငယ်လေးရဲ့ခေါင်းကို 'သိင်္ခ' အသာလေးဆွဲယူပြီး
သူ့ပေါင်ပေါ်တင်ထားလိုက်တယ်။"ကျွတ်...ကျွတ်!။
အဲ့ဒီနောက် နေရာအပြောင်းအလွှဲကြောင့်
လွန့်လူးလာတဲ့ကောင်ငယ်လေးရဲ့
ကျောကုန်းကိုလဲကျွတ်သပ်ပြီး
ပွတ်ပေးလိုက်ရသေးတယ်။
ဒီရက်ပိုင်းတွေမှာ 'ကျောက်ခဲလေး'
ရဲ့အကျင့်တွေကိုအကုန်မဟုတ်ပေမဲ့
အရင်ကထက်ပိုပြီးသူသိခွင့်ရခဲ့တယ်။ကျေးတောသားလေးပီပီ
စိတ်ထားလေးကလဲအရိုးခံ ၊ အလုပ်ဆိုရင်လဲ
မြင်သမျှကိုကူလုပ်ပေးတတ်ပြီး ဒီကောင်လေးကပဲ
ပိုပင်ပန်းရတာမို့အိပ်ပျော်နေချိန်လေးကိုတော့
မနိုးသွားစေချင်။
YOU ARE READING
"Dear Kyauk Khal"(Complete)